နိုဝင်ဘာလ ၁၆ ရက်နေ့ဆို ရုံတင်ပါပြီနော်။

ပရိသတ်တွေအများကြီးစောင့်မျှော်နေတဲ့ ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွား မှာ ဖြစ်ပါတယ်။ ဒီဇာတ် ကားထဲမှာ ပရိသတ်အချစ်တော် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ကြိုးစားအားထုတ်မှုတွေ မြင်တွေ့ရဦးမှာပါ။



Photo: ကြက်ဂူ

 

အိန္ဒြာကျော်ဇင်ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရဦးမယ့် ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အိန္ဒြာကျော်ဇင်က ရွှေမျှင်ဆိုတဲ့ မိန်းကလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

'' ကယားရိုးရာဓလေ့တွေကြား ပျော်မွေ့ရင်း ၊ ငယ်သူငယ်ချင်းအပေါ် သံယောဇဉ် ကြီးမားသူ ရွှေမျှင်'' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီကျော်က ကြက်ဂူ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာဆိုရင် သရုပ်ဆောင် ဝါဝါအောင်ရဲ့ သမီး အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: ကြက်ဂူ

 

ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက ဇာတ်ဆောင် တစ်ဦး အနေနဲ့ အိန္ဒြာကျော်ဇင်က ပါဝင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ ကလည်း ကြတ်ဂူရုပ်ရှင် ဇာတ်ကားဟာ အိန္ဒြာကျော်ဇင်အတွက် နောက်ထပ် အနုပညာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ် လို့လည်း ယုံကြည် ချက်ရှိထားကြတာဖြစ်ပါတယ်။

သမီးနဲ့ သားအကြောင်းတွေကို ရွှန်းရွှန်းဝေအောင် ပြောလာတဲ့ ပြေတီဦး 

Photo: ကြက်ဂူ

 

အိန္ဒြာကျော်ဇင်ဟာ သူမကို ပေးအပ်တာတဲ့ ဇာတ်ရုပ်တွေကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်နိုင် တဲ့သူဖြစ် ပါတယ်။ ဒါကြောင့်လည်း တစ်နေ့ ထက် တစ်နေ့ ပရိသတ်အချစ်တွေကို ပိုပြီးပိုင်ဆိုင်ထားနိုင်တဲ့သူပါ။ လက်ရှိမှာလည်း အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ထူထောင်ရင်း သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။


ဆက်စပ်အကြောင်းအရာများ



က္က