မွေးနေ့က မနက်ဖြန်မှပါ။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့ ကျရောက်မယ့် သားလေးရဲ့ မွေးနေ့အတွက် ဒီနေ့ကတည်းက မွေးနေ့အလှူတွေ လုပ်ပေးနေတာတွေ့ရပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

 

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့ ကျရောက်မယ့် သားလေးရဲ့ မွေးနေ့အတွက် ဒီနေ့ကတည်းက မွေးနေ့အလှူတွေ လုပ်ပေးနေတာတွေ့ရပါတယ်။ ဒီနေ့(နိုဝင်ဘာ၆ရက်)မှာ သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ သံဃာများကို လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပြီးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

သားလေးရဲ့ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"မနက်ဖြန် ကြရောက်မဲ့သားလေးတစ်နှစ်ပြည့် မွေးနေ့အတွက် ဆွမ်းကပ် အလှူကို ဒီနေ့မှာလုပ်ဖြစ်ပါတယ်" ဆိုုပြီး နိုဝင်ဘာ(၆) ရက်နေ့က ရေးသားထားတာပါ။

Photo : သဉ္ဇာနွယ်ဝင်း FB

 

သဉ္ဇာနွယ်ဝင်းဟာ သားလေး ကျော်မျိုးမြင့်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့က သဘာဝအတိုင်း မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့မှာ တစ်နှစ်ပြည့်တော့မယ့် သားလေးဟာ ပရိသတ်တွေရဲ့ အချစ်တော် ကလေးလေးလည်း ဖြစ်ပါတယ်။ မက်မွန်သီး လေးလို့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သားလေးဟာ ဖြူဖြူလုံးလုံးလေးနဲ့ တကယ့်ကို ချစ်ဖို့ ကောင်းလှပါတယ်။

သားလေး မက်မွန်သီးလေးက အမေနဲ့ နေတာများလို့ အမေကို ပိုကပ်တယ်လို့ သိရပါတယ်။သူ့ရဲ့ ခန္ဓာကိုယ်လေးကလည်း အသားများများနဲ့ လုံးလုံး ကစ်ကစ်လေးဆိုတော့ ချစ်ဖို့ကောင်းနေတာပဲ ဆိုပြီးတော့လည်း သားသားအကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောပြခဲ့ပါသေးတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

တစ်နှစ်ပြည့်သွားပြီဆိုတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သားလေး 

'' သားလေးက အမေကို ပိုကပ်တယ်။ သဉ္ဇာ့အမျိုးသားကလည်း ဆိုင်ဖွင့်ထားတာက မကြာသေးဘူး။ ဆိုင်သွားပြီး ပြန်ရောက်တဲ့ အချိန် ကလည်း ၂ နာရီကျော်လောက်မှဆိုတော့ ကလေးက အဖေနဲ့နေတဲ့အချိန် သိပ်မရှိဘူး၊ အမေနဲ့ဘဲနေတော့ အမေကို ပိုကပ်တယ်။ ကိုယ့် ကလေးဆိုတော့လည်း အကုန်လုံးကတော့ ချစ်ဖို့ကောင်းနေတာပေါ့နော်။ နောက်တစ်ခုက သူက သိပ်မငိုဘူး၊ ပြီးတော့ သူ့ခန္ဓာကိုယ်လေး က အသားတွေအများကြီးနဲ့ လုံးလုံးကစ်ကစ်လေး '' လို့ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက AKA Myanmar (YAKINIKU BBQ Buffet Restaurant) ဆိုင်သစ်ဖွင့်လှစ်ပွဲလေးက Duwun  Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

 

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိအချိန်မှာတော့ သူမ ရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။ တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို ပရိသတ်တွေ ပေးတဲ့ အမှတ်ရစာလေးတွေ ကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

 

သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။



က္က