အနုပညာရှင်တွေအပေါ် ဝေဖန်ပြောဆိုမှုတွေကို အခုလိုပြောပြလာပါ။

ကြူကြူသင်း တစ်ယောက် လက်ရှိမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့အရင်က စား သောက် နေထိုင် ခဲ့မှုတွေကို ပြောပြလာပါတယ်။ ကစ်ကစ်ကို ကျန်းမာရေးထောက်ပံ့မှုတွေ မပြုလုပ်ပေးနိုင်ကြတဲ့ အနုပညာရှင် တွေကို ဝေဖန်လာတဲ့အပေါ် အခုလို ပြောပြလာပါတယ်။

 

ဇာတ်ပို့သရုပ်ဆောင် ကြူကြူသင်းဟာ ပရိသတ်တစ်ယောက်က ဟာသသရုပ်ဆောင်  ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေ နဲ့ အတူ တခြား အနုပညာရှင်တွေရဲ့ အကြောင်းအရာတွေကို ယှဉ်ပြီး ဝေဖန်ပြောပြလာတဲ့ စာသားတွေအပေါ် အခုလို တုံ့ပြန် စကားပြောခဲ့ပါတယ်။ ကစ်ကစ် ရဲ့ ကျန်းမာရေးကိုလည်း အချိန်ရရင် ရသလို ဂရုတစ်စိုက်လုပ်ပေးခဲ့ကြပါတယ်ဆိုတာကိုလည်း အခုလို ရင်ဖွင့်ပြောပြထားပါတယ်။

''ဒီအကြောင်းအရာလေးကိုရှင်းပြပါရစေ ကစ်ကစ်ဆိုတာကျွန်မထက် ၁၀နှစ်ငယ်တယ် အစား၁၀ဆပိုစားတယ်။ဟယ် ဒီလောက်မစားသင့်ဘူး။ ရေခဲရေ၊ အချိုရေသိပ်မသောက်နဲ့ ဒုက္ခရောက်လိမ့်မယ် ပြောလည်း အာသာညောင်းမယ်။ ဟီး အဲ့လိုစားမှ၊ အဲ့လို သောက်လိုက်ရမှ ဆိုတာ ချည်းဘဲ မကြာပါဘူး ရောဂါဖြစ်တယ် ကြားရတာဘဲ။ မနေနိုင်သောညီအစ်မစိတ်ထားပြီးစကူညီသူက ဂွမ်းပုံလေး ဆေးလိုက်စစ်ပေးတယ်။ သတင်း အခြေနေတွေလိုက်ပြောပေးတယ်။ ကူညီလိုက်ကြတာ ထုတ်လုပ်ရေးပိုင်းရော၊ နောက်ပိုင်းသက်သာသွားတယ်'' လို့ ဆိုပါတယ်။

 

ကြူကြူသင်းဟာ အနုပညာရှင်အချင်းချင်းဆိုပေမယ့် မိသားစု စားဝတ်နေရေး အခြေအနေပေါ် မူတည်ပြီးတော့မှ အလှူအတန်းလုပ်ခွင့်ရ တယ်လို့ ဆိုပါတယ်။ ဒီလို ဖြေရှင်းတာကလည်း ပြောဆို ဝေဖန်မယ်ဆိုရင် မျှမျှတတ တွေးခေါ်ပေးနိုင်ဖို့ ပြောပြတာဖြစ်တဲ့ အကြောင်းကို နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''ဆင်ခြင်လေ နောက်တစ်ခါထပ်ဖြစ်တယ်ကြားပြန်ရော၊ မျက်စိကွယ်သွားသလိုကြားရပြန်ရော၊ မင်းသမီးတချို့ ပရဟိတအဖွဲ့ ကူညီပြန် သေးတယ်။ ကျွန်မတို့အနုပညာရှင်တွေမှာလည်း မိသားစုရေး စားဝတ်နေရေး နဲ့ အလုပ်ကနည်းပါးမှု အလုပ်မဖြစ်တဲ့ အပူတွေရှိပါတယ်။ ယုန်လေး သူ့ကြိုးစားမှုအတွက်မုန့်ဖိုးရတာဒုတ်နဲ့မထိုးနဲ့လေ ဘယ်သူဘယ်လောက် ချမ်းသာသာ သဒ္ဒါစိတ်ရှိမှလှူမှာပေါ့။ သွေးသားရင်း မိဘ တောင်စွန့်ပစ်နေကြတဲ့ကာလပါ။ ဝေဖန်မှုလေးတွေမျှတွေးပေးကြပါ ။ မေတ္တာရပ်ခံပါတယ်'' လု့ိဆိုပါတယ်။

နှလုံးသိပ်မကောင်းတော့ ဝိတ်ချဖို့ အခက်အခဲရှိတယ်ဆိုတဲ့ ကြူကြူသင်း 

ဇာတ်ပို့ဇာတ်ရံလောကမှာ ပရိသတ်အားပေးမှု ရရှိထားပြီး နေရာတစ်နေရာ ရရှိထားတဲ့ သရုပ်ဆောင် ကြူကြူသင်းက ဝိတ်ချဖို့ အစီအစဉ် တော့မရှိသေးဘူးလို့ ဆိုပါတယ်။ နှလုံးသိပ်မကောင်းတဲ့သူမဟာ ဝိတ်ချဖို့ အခက်အခဲရှိတာကြောင့် ဝိတ်ချဖို့တော့ မရှိပါဘူးတဲ့။ ဝဝတုတ် တုတ် ခန္ဓာကိုယ်ကိုမှ အောက်ပိုင်းကြီးပြီး ရေအိုးတင်လို့ရအောင်ကို လှပနေတဲ့ ခန္ဓာကိုယ်ဟာ သူမကို ပရိသတ်တွေ စိတ်ဝင်စားစေတဲ့ အချက်တွေထဲက တစ်ခုပါ။

 

အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ ကြူကြူသင်းဟာ အနုပညာလောကမှာ တစ်ချိန်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ အန်တီဒေါ်ဂွက်ထော် ရဲ့ သမီးအဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ အဲ့ဒီနောက်ကစပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ကြူကြူသင်း ဆိုပြီး ပရိသတ်တွေနဲ့ ပိုပြီး ရင်းနှီးစေခဲ့တာလည်း ဖြစ်ပါတယ်။



က္က