သူတစ်ယောက်တည်း အင်အားနဲ့ သမီးလေးကို စောင့်ရှောက်သွားမှာပါတဲ့။

မျိုးစန္ဒီကျော်ဟာ မိခင်တစ်ယောက်တည်းရဲ့ အင်အားနဲ့ သမီးလေးရဲ့ ဘဝရှေ့ရေးအတွက် ပြုစုပျိုးထောင်ပေးသွားမယ့် ခံစား ချက် တွေကို အခုလိုပြောပြလာပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ဂျူဝယ်လ်ကတော့ ILBC pre school မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ လက်ရှိမှာတော့ မိခင်တစ်ယောက်တည်း အင်အားနဲ့ ပညာသင်ရမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးလေး ရဲ့ ပညာရေးအတွက် ကျောင်းထားပေးနေရပြီလို့ဆိုပါတယ်။ သူပိုင်ဆိုင်ခဲ့ရတဲ့ အိမ်ထောင်ရေးအခြေအနေ တစ်ခုရဲ့ အကြောင်းအရာကလည်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

'' ကိုယ့် အိမ်ထောင်ရေးပြဿနာ ကိုယ်သာထိခိုက်နာကျင်ပြီး ခံစားရတာမို့ကိုယ်သာ အသိဆုံးပါ။ ဘေးလူတွေကတော့ကျွန်မလောက် ခံစား နားလည်နိုင်မှာမဟုတ်ပါဘူး။ သမီးကျောင်းထားရမယ့်အရွယ်မှာ သမီးပညာရေးအတွက် ကျွန်မတစ်ယောက်တည်းရဲ့အားနဲ့ရှာဖွေပြီးသမီးကို ကျွန်မဝင်ငွေနဲ့ တတ်နိုင်တဲ့အကောင်းဆုံးကျောင်းမှာထားထားတယ်'' လို့ဆိုပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သမီးလေး jewel ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဂျူဝယ်လ် လေး ကတော့ လက်ရှိမှာ ILBC pre school  ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတာပါ။ သမီးလေးကို ပါးစပ်ကနေ ချစ်တယ်လို့ ထုတ် မပြောတတ်တဲ့ အကြောင်းတွေကိုလည်း နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားခဲ့တာပါ။



''ကျွန်မကပါးစပ်ကနေသမီးကိုချစ်တယ်ချစ်တယ်နဲ့ပြောမနေဘူး ။ ပါးစပ်ကချစ်တယ်ပြောရတာတော့အရမ်းလွယ်တာနော် ။ ပါးစပ်ကပြော လိုက် ဖေ့စ်ဘုတ်ပေါ်တက်ရေးလိုက်နဲ့ဟုတ်နေတာပဲ ။ကျွန်မကအလုပ်နဲ့ပဲသက်သေပြတယ်။ အခုကျွန်မအလုပ်လုပ်နေတာ တွေက သမီး အတွက် ချည်းပဲ ။ ကျွန်မရဲ့စိတ်နေသဘောထားနဲ့ ကျွန်မအကြောင်းကိုကျွန်မရဲ့အနီးနားမှာရှိတဲ့သူတွေအကုန်သိတယ် ။ ကျွန်မ အကြောင်း သေချာမသိတဲ့သူတွေကိုသိအောင်ပြောပြတာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

ဆရာဖြစ်သူကို မမေ့မလျှော့ သွားရောက်ကန်တော့ခဲ့တဲ့ မျိုးစန္ဒီကျော် 

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြိး ကြိုးစားတော့မယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်ဟာ အောက်တိုဘာ(၁၈) ရက်နေ့မှာ ရွှေသံလွင် မီဒီယာက ထုတ်လုပ်ပြီး ဒါရိုက်တာ သစ္စာပိုင်စိုး ရိုက်ကူးမယ့် "ရှပ်4ချစ်သူ" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ မင်းသူ၊ ဇေယျ၊ စိုးရန်အောင်၊ မြတ်သူအောင်၊ ငြိမ်းသူအောင်၊ ပိုပိုနဲ့အတူ သူမက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။



က္က