ညီမလေး စိုးမြတ်ကလျာနဲ့ မောင်လေး စိုးသူရနိုင် တို့အတွက်ပါတဲ့။

စိုးမြတ်သူဇာဟာ စိုးမြတ်ကလျာ၊ စိုးသူရနိုင်(ခ) မောင်မောင် ၊ စိုးမြတ်နန္ဒာ ဆိုတဲ့မောင်နှမ ၄ ယောက်တည်းမှာ အကြီးဆုံး အစ်မဖြစ်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ညီမလေး စိုးမြတ်ကလျာနဲ့ မောင်လေး စိုးသူရနိုင်တို့အတွက် မွေးနေ့ ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါတယ်။



Photo: Soe Kyi Phyu fb (စိုးမြတ်သူဇာတို့ မောင်နှမ ၄ယောက်)

 

သရုပ်ဆောင်အကယ်ဒမီ စိုးမြတ်သူဇာ တစ်ယောက် သူ့ရဲ့ ချစ်ရတဲ့ ညီမလေး စိုးမြတ်ကလျာ နဲ့ မောင်လေး စိုးသူရနိုင်(ခ) မောင်မောင် တို့ အတွက် နိုဝင်ဘာ လ ၇ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ဆုတောင်းစကားပြောပြထားပါတယ်။ လိမ္မာလွန်းကြတဲ့ မောင်လေး၊ ညီမလေး တွေကြောင့်လည်း စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။

''ဒီအမ ကြီး အိပ်ယာဝင်ကာနီးတိုင်း ( ကလေး ၂ ကောင် တက်သမ ထားတဲ့ ) အိပ်ယာကို သန့် ရှင်းပြီး စောင်ပါ အဆင်သင့် ခြုံ လို့ရအောင် တစ်ရက်မပျက် ဖြန့်ခင်း ပေးထားတတ် တဲ့။ ကျွန်မ ရဲ့ ညီမ အလတ်။ သူ့ မွေးနေ့ မှ မဟုတ်ပါဘူး။ ကျွန်မ အိပ်ယာဝင်တိုင်း ငါ့ညီမ လူရော စိတ်ပါ ကျန်းမာချမ်းသာ ပါစေလို့ ကျေးဇူးတင်တဲ့ စိတ်နဲ့ ဒီအစ်မ ကြီး က သူကြားအောင် အမြဲ ဆုတောင်း ပေးနေကျပါ။ ဒါတင်မ က အဖေ နဲ့ အမေ ကို ညတိုင်း ကော်ဖီ ဖျော်တိုက် တတ် လို့ ဘုန်းကြီးပြီး အသက်လည်း ရှည် အုံး မှာပါ'' လို့ ဆိုပါတယ်။

Photo: Soe Kyi Phyu fb

စိုးမြတ်သူဇာဟာ စိုးမြတ်ကလျာ၊ စိုးသူရနိုင်(ခ) မောင်မောင် ၊ စိုးမြတ်နန္ဒာ ဆိုတဲ့မောင်နှမ ၄ ယောက်တည်းမှာ အကြီးဆုံး အစ်မကြီးဖြစ် ပါတယ်။ ဒီနေ့မှာ တော့ စိုးမြတ်ကလျာဟာ အသက် ၄၅ နှစ်ပြည့်တာဖြစ်ပြီး မောင်မောင်ကတော့ အသက် ၄၂ နှစ်ပြည့်တဲ့အပေါ် သူ့ရဲ့ ခံစား ချက်တွေကို နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၁ နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' မောင်နှမ လေးယောက်မှာ တစ်ဦးထဲ သော မောင်နဲ့ ညီမ အလတ်က မွေးနေ့ က အတူတူ ( အမေ က လည်း တစ်ရက် ထဲ မွေး တတ်တယ် )ကနေ့၊ မလေး က ၄၅၊ မောင်မောင် က ၄၂ အောင်မငေး နည်းတဲ့ အသက်လား။ ကျွန်မ မျက်လုံးထဲ တော့ သူတို့ ကို ပိစိ ညှောက်တောက် လောက်ဘဲ ထင်နေတုန်း ကျမတောင် ၄၇ ကျော်လာပြီ ဆိုတော့ သူတို့ လဲ ဒီလောက် တော့ ရှိမှာ ပေါ့ နော ။ အချိန်တွေ ကုန်တာ မြန်လို့ ပါ'' လို့ ဆိုပါတယ်။

Photo: Soe Myat Thu Zar fb

 

မောင်လေးနဲ့ ညီမလေးတွေ အသက်အရွယ်ကြီးပြင်းလာတာကို တွေးပြီး စိတ်ဂယောက်ဂယက်ဖြစ်မိတာကလည်း ခဏခဏပဲလို့ဆိုပါတယ်။ လက်ရှိမှာတော့ စိုးမြတ်သူဇာရဲ့ မောင်လေး စိုးသူရနိုင်ကတော့ နိုင်ငံခြားမှာ နေထိုင်တာဖြစ်ပါတယ်။ မောင်လေးတစ်ယောက် အနားမရှိ တာက လွဲရင် အရာရာအဆင်ပြေပါတယ် လို့လည်း ဆက်လက်ပြောပြလာပါတယ်။

''ဒီလို တွေးမိတိုင်းလဲ ကျမတစ်ယောက်ထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ စိတ်ရော လူပါ ဂယောက်ဂယက် ဖြစ်ရ တာလဲ ခဏခဏ၊အခု ချိန် ထိ ကျွန်မ မိသားစု က ( မောင်မောင်မပါ , ကလေး ၂ ကောင် အဆစ်ပါ ) ကျွန်မ နဲ့ အတူတူ သက်ရှိထင်ရှား ကျန်းကျန်းမာမာအတူတူ ရှိနေခြင်းကကျွန်မ စိတ် ကို ကျေနပ်စေ ပြန်ပါတယ်။ မတည်မငြိမ် စိတ်ကိုလဲ အေးချမ်း စေပါတယ်။ ဒါ့ကြောင့် ကျွန်မ ညီမ နဲ့ မောင် လေး မွေးနေ့ မှာ ကျန်းမာ ပျော်ရွှင်ကြပါစေမိသားစု နဲ့ အတူ အချိန် အကြာကြီး နေနိုင်ကြပါစေလို့ ဘဲ ဆုတောင်း ပေး ပါတယ် happy birthday ma lay n mg mg  Love u so much '' လို့ ရေးသားထားတာဖြစ်ပါတယ်။

Photo: Soe Kyi Phyu fb

 

စိုးမြတ်သူဇာကိုတော့ မောင်နှမတွေ အားလုံးက ချစ်ကြောက် ရိုသေ တန်ဖိုးထားရတဲ့ အစ်မကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ မောင်နှမ တွေအပေါ်မှာလည်း ကောင်းတာ ဆိုးတာ ဝေဖန်ပိုင်းခြားပြတတ်တာကြောင့်လည်း အားလုံးက လေးစားရသူဖြစ်ပါတယ်။ အကယ်ဒမီစိုးမြတ် သူဇာဟာ အနုပညာအတွေ့အကြုံတွေအများကြီးရှိသလို ပေးအပ်လာတဲ့ ကာရိုက်တာတိုင်းအပေါ်မှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။



က္က