ကြည်နူးစရာကောင်းတဲ့ မိသားစုလေး ပိုင်ဆိုင်ထားပါတယ်။
Sabal Thwin

နိုဝင်ဘာလ ၇ ရက်နေ့ကတော့ လူမင်းနဲ့ ခင်စံပယ်ဦး အိမ်ထောင်သက်တမ်း ၁၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီ ၁၄ နှစ်အတွင်းမှာ ကောင်းတူ ဆိုးဖက် ပါရမီဖြည့်ခဲ့တဲ့ ဇနီးဖြစ်သူအပေါ်ထားတဲ့ လူမင်းရဲ့ သဘောထားကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။



Photo: ဧရာဝတီလူမင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် လူမင်းနဲ့ ခင်စံပယ်ဦးတို့ကတော့ နိုဝင်ဘာလ ၇ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁၄ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒီ ၁၄ နှစ် အတွင်း မှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကိုလည်း လူမင်းက အခုလို ရင်ဖွင့်ပြောပြလာတာကို တွေ့ရပါတယ်။

" နှလုံးသား ဇာတ်ညွှန်း။ ဇာတ်ဆရာ အလိုကျငိုဆိုငို ၊ ရယ်ဆို ရယ် ခဲ့ ပြီ ။ အ နိမ့် အမြင့်၊ အတက် အကျ အနှေး အမြန် ၊ ဇာတ် အ ရှိ န် ေ တွ လည်း စုံခဲ့ ပြီ ။ဇ နီး မ ယား ၊ သမီး သား နဲ့ဂျုံး ဂျုံး ဂျက် ဂျက် ၊ ေ ပါ် ပေါ် ပူ ပူ သံသ ရာ ရ ထားကြီး လည်းမီးခိုးတွေ အူလှ ပြီ ။ ပုဝါ မကူ ၊ ရေ မရှူ ဒိုင်မရှိ အနားသတ် မရှိ ဘဝ ဆိုတဲ့ ကြိုး ဝိုင်းထဲ မှာ ပြိုင်ဘက် ဆိုတာကလည်း အကန့်အသတ်မဲ့ ၊မပြီးနိုင် မစီးနိုင် ၊ မဆုံးနိုင်'' လို့ ဆိုပါတယ်။

Photo: ဧရာဝတီလူမင်းဖေ့စ်ဘွတ်

 

အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းအတွက်တော့ ခင်စံပယ်ဦးဟာ ပါရမီဖြည့်ဘက် ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ လူမင်းက ဖြေဆိုလေ့ရှိပါတယ်။ ဇနီးဖြစ်သူ အပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်သဘောထားကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

''အဆုံးမဲ့ပန်းတိုင်တွေ ဆီ ချီတက်ရင်း သီး ချိန် ပွင့်ချိန် ရောက် ပြန်တော့ လည်းခွဲရ ခွာကြရဦးမည် ။အဲဒီ အချိန်ကျ မင်းဘေးမှာ ငါ ၊ ငါ့ ဘေး မှာ မင်းဘဲ ရှိ မှာ မို့ တရားသဘော မှတ်ကျောက်အတင်ခံကြရင်း အိုအောင်မင်းအောင် ပေါင်း ကြ ဖို့ဆိုတာဖိုးဖိုး က လည်း ဖွားဖွား ကို ပြောပါမယ် ချစ်တယ်'' လို့ သူကဆိုပါတယ်။

Photo: ဧရာဝတီလူမင်းဖေ့စ်ဘွတ်

ကိုးတောင်ပြည့် စေတီတော်အတွက် ကုသိုလ်ပြုခဲ့ကြတဲ့ လူမင်းနဲ့ဇနီး 

၁၄ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ ဆိုပြီးတော့လည်း လူမင်းနဲ့ ခင်စံပယ်ဦးတို့ သီဆိုထားတဲ့ '' နှလုံးသား ဇာတ်ညွှန်း'' ဆိုတဲ့ သီချင်းလေးကို နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၈ နာရီ ၁၃ မိနစ်က ဧရာဝတီလူမင်း ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: ဧရာဝတီလူမင်းဖေ့စ်ဘွတ်

 

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က