တကယ်ကို အတွဲညီကြတဲ့ သူငယ်ချင်းတွေပါပဲ။

"သတိ အန္တရာယ်ရှိသည် "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းပေါ်က သရုပ်ဆောင်မြင့်မြတ်နဲ့ အမှတ်တရတွေကို ယုန်လေးက အခုလို ဖွင့်ဟ ပြော ပြထားပါတယ်။ အဲ့ဒီနောက် ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း တက်ညီလက်ညီ ကြိုးစားထား ကြတယ်လို့ ဆိုပါတယ်။



Photo: ယုန်လေးဖေ့စ်ဘွတ်

 

သရုပ်ဆောင် ယုန်လေးက လက်ရှိမှာ "သတိ အန္တရာယ်ရှိသည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်နဲ့ ရိုက်ကူးနေ တယ်လို့ သိရပါတယ်။ ရိုက်ကွင်းပေါ်မှာလည်း မြင့်မြတ်နဲ့ အလုပ်အတူတူ တွဲလုပ်ရတဲ့ အချိန်မှာ အမှတ်တရ ဖြစ်ခဲ့ရတဲ့ အချိန်တွေကို အခုလို ပြောပြထားတာတွေ့ရပါတယ်။

'' လုပ်တော့ ကျွန်တော်က ဇာတ်လမ်းရော ဒါရိုက်တာရော လုပ်တယ်ဆိုတာလည်း ဝန်ခံပါတယ် ကျွမ်းကျင်လို့မဟုတ်ပါဘူး။ ဆန်းသစ် မူတစ်ခုကို ကိုယ်စိတ်ကူးထားတဲ့ အတိုင်း အကောင်ထည်ဖော်ချင်လို့ မြင့်မြတ်ကို ရုပ်ရှင်လောကမှာ " ဇာတ်လိုက် " လို့ခေါ်ကြတယ်။ ကျရာ ဇာတ်ရုပ် ကို လိုက်ဖက်အောင်သရုပ်ဆောင်နိုင်လို့ ကျွန်တော် တွဲလာတဲ့အချိန်တိုင်း ထွက်ပြီးတဲ့ကားရော မထွက်သေးတဲ့ကားရော Respect အကြီးကြီးရှိတယ်'' လို့ဆိုပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

"သတိ အန္တရာယ်ရှိသည်" ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အိုက်တင်ပိုင်းနဲ့ ပတ်သက်ပြီး အပြည့်အဝ ကြိုးစား ထား ကြ တယ်လို့ သိရပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး မြင့်မြတ်ရဲ့ အကြံပေးမှုတွေကိုလည်း နားထောင်ဖြစ်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''အိုက်တင် Tempo ချိန်တာ ဒီ အခန်းမှာ ဘယ်လိုတွေလုပ်ကြမလဲ အိုက်တင်နဲ့ပက်သက်ရင် အမြဲသူ့ကိုတိုင်ပင်ပြီး သူ့စကားပဲနားထောင် တယ်။အမှတ်တရတွေ ထဲက နောက်တစ်ခု ပါဝင်တဲ့သူ မြင့်မြတ် အောင်လေး ဝင့်ဝါ လူကြမ်းဆိုတဲ့ လူတွေကိုပါ သေချာအိုက်တင်လုပ်ဖို့ ရိုက် ပေးခဲ့တယ်။ ကျန်တဲ့ လူ တွေကို အိုက်တင်ပြောပြတယ်။ ဒါရိုက်တာလည်းကိုယ်တိုင်ဆိုတော့ မော်နီတာကြည့် ပေးတယ် DOP လုပ်ပေးတဲ့ အစ်ကို ကိုကျော်တို့လည်း အားကိုးရပါတယ်''လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

သရုပ်ဆောင် ကစ်ကစ်အတွက် ဆေးဖိုးသွားလှူခဲ့တဲ့ မြင့်မြတ်နဲ့ ယုန်လေး 

ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးနေရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့်လည်း ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် ကြိုးစားရတဲ့အခါမှာ စိတ်ဖိစီးတာတွေ ရှိခဲ့တယ်လို့ ယုန်လေးက ပြောပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကိုလည်း မြင့်မြတ်က သူငယ်ချင်းကောင်း ပီသစွာနဲ့ အားပေးတယ်လို့ ဆိုပါတယ်။

''မြင့်မြတ် မနေနိုင်ဘူး ကိုယုန်လေး ထက်လုပ်ဦးဆိုပြီး သူကျောပဲပါတယ်။ နောက်တစ်ခေါက်က သူ့ကိုမပါတော့ဘူး။အစဆုံး သူမပါတာကို ကင်မရာအပြင်ကနေ ကျွန်တော့်ကို အိုက်တင်ရအောင်ခေါ် သင်ပေးသွားပါတယ်။ တကယ့် ဇာတ်လိုက် ဆိုတဲ့ နာမည်နဲ့ လိုက်ဖတ်ပါတယ်။

Crd သတိ အန္တရာယ်ရှိသည်''လို့ သူကဆိုပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးဟာ ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်းရှိပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာနဲ့ပတ် သက်တဲ့ အလုပ်တွေ အများကြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က