မိန်းမကြမ်းကြီးများ ဇာတ်ကားရိုက်နေလို့ပါတဲ့။
Sabal Thwin

'' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတဲ့ မို့မို့မြင့်အောင်က အလုပ်တွေ မအားတဲ့ကြားက ကထိန်အလှူမဖြစ် ဖြစ်အောင် လှူဒါန်း ခဲ့သေးတယ်လို့ သိရပါတယ်။ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။

Photo: မို့မို့မြင့်အောင် Page

 

သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က အနုပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေရသူဖြစ်ပါတယ်။ သူမ အနေနဲ့ မအားတဲ့ကြားက သံလျှင်တောရ ဝါးကျောင်းမှာ သူချစ်ရတဲ့ ပရိသတ်ကြီးတွေ သာဓုခေါ်နိုင်ဖို့ ကထိန်အလှူလေး သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

''အလုပ်မအားပင်ပန်းတဲ့ကြားက သံလျှင်တောရ ဝါးကျောင်း မှာ ကထိန်အလှူအတွက် အပြေးအလွှားလေးလှူဖြစ်တယ်။ ပရိသတ်ကြီးနှင့် we we ချစ်သူတို့ သာဓု ခေါ်နိုင်ပါစေ'' ဆိုပြီးတော့ မို့မို့မြင့်အောင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီနီးပါးက ရေးသား ခဲ့တာ ဖြစ်ပါတယ်။ သူချစ်ရတဲ့ ပရိသတ်လေးတွေကလည်း Comment ကနေတဆင့် သာဓု ၃ ကြိမ်ခေါ်ခဲ့ကြတာကို တွေ့ရပါတယ်။ 

 

မို့မို့မြင့်အောင်ဟာ အနုပညာဝါသနာပါကြတဲ့ သရုပ်ဆောင်အသစ်လေးတွေအပေါ် ကျောသားရင်သား မခွဲခြားပဲ အမြဲဂရုစိုက်တတ်တဲ့သူပါ။ သူ့အပေါ် ကြောက်တဲ့စိတ်၊ ရှိန်တဲ့ စိတ်မရှိအောင်လို့လည်းပျော်ပျော်ရွှင်ရွှင်နေပေးဖြစ်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့က '' မိန်းမကြမ်းကြီး များ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ Duwun Media ကို သီးသန့် ဖြေဆိုခဲ့ပါတယ်။

'' ကလေးတွေနဲ့နေရတာပျော်တယ်လေ၊ သူတို့ကို လှောင်တာ ပြောင်တာကို မြင်နေရင် သူတို့လည်း ပျော်နေကြတာပေါ့။ ကိုယ်နဲ့နေရတာ သိပ်ကြောကြောတင်းတင်းကြီးတွေ မဖြစ်ဘူးပေါ့နော်။ သူတု့ိကို ရွယ်တူလို လျှော့ပေါင်းတဲ့အခါကျတော့ သူတို့လည်း ပျော်တာပေါ့။ ကလေး တွေနဲ့ အုန်းအုန်းအုန်း နေရတာကို ကြိုက်တယ်'' လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: မို့မို့မြင့်အောင် Page

စကားနည်းတဲ့ ကျော်သူနဲ့ စွာတေးမလေးဖြစ်ခဲ့တဲ့ မို့မို့မြင့်အောင် 

မို့မို့မြင့်အောင်ရဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စိတ်ကတော့ ငယ်ငယ်ကတည်းက ရှိတာပါတဲ့။ အိမ်မှာလည်း အငယ်ဆုံးသမီးလေး ဖြစ်တာကြောင့် နည်းနည်း ဆိုးတယ် ဆိုတဲ့ သူ့ရဲ့ အကျင့်စရိုက်လေးတွေကိုလည်း အမှတ်တရ အနေနဲ့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ငယ်ငယ်တုန်းကတော့ အိမ်မှာ အငယ်ဆုံးပေါ့နော်။ အိမ်မှာနေတာ သိပ်မရှိဘူး အပြင်မှာပဲ လျှောက်သောင်းကျန်းတာများတယ်။ ကျောင်းမှာ ဆိုလည်း သောင်းကျန်းလို့ ဘယ်သူမှ ကိုယ့်ကို မကြိုက်ဘူး။ ဒါပေမယ့် တခြားကျောင်းတွေက လူတွေကတော့ လာလာပိုးကြတယ်။ ကိုယ့် ကျောင်းက လူအချင်းချင်းကပဲ ကိုယ့်ကို မကြိုက်ကြတာ'' လို့ သူကဆိုပါတယ်။

Photo: မို့မို့မြင့်အောင် Page

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က