လေ့ကျင့်ခန်းတွေမလုပ်လာတာ ၅ နှစ်ကျော်ပါပြီတဲ့။

ထွန်းကိုကို က ဦးကျော်သူ ရိုက်ကူးမယ့် ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီ ဇာတ်ကား ထဲက ကာရိုက်တာအတွက် စမတ်ကျတဲ့ ခန္ဓာကိုယ်ဖြစ်အောင် ၄၅ ရက်အတွင်းမှာ လေ့ကျင့်ရေးတွေ ပြန်လုပ် နေရ တယ်လို့ ဆိုပါတယ်။

Photo: ထွန်းကိုကိုဖေ့စ်ဘွတ်

 

သရုပ်ဆောင် ထွန်းကိုကိုက လက်ရှိမှာ ၁၀၁၄ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှာဖြစ်တဲ့အတွက် ၄၅ ရက်အတွင်း စမတ်ကျတဲ့ ခန္ဓာကိုယ် ဖြစ်ဖို့ ဝိတ်ပြန်ချနေရတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှု မလုပ်တာ ၅ နှစ်ရှိပြီလို့ ဆိုပါတယ်။

'' ၁၀၁၄ ရုပ်ရှင်ကားအတွက် ၄၅ ရက် body challenge*   ၅နှစ်တာကာလအတွင်းမှာ gym ဆိုတာအဝေး စိတ်တိုင်းကျ စားသောက်ပေး နေခဲ့လို့ body အချိုးတွေပျက် weight တက်ခဲ့တဲ့ #ထွန်းကိုကို  ဒီလိုခန္ဓာကိုယ် အတွက် challenge ကာလ ၄၅ ရက် မှာ အကောင်း ဆုံး ကြိုးစားခဲ့ပါတယ်''

Photo: ထွန်းကိုကိုဖေ့စ်ဘွတ်

 

ထွန်းကိုကိုဟာ ၄၅ ရက်အတွင်းမှာ စမတ်ကျတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့အတွက် Gym က ဆရာတွေအပြင် သရုပ်ဆောင် ထူးအောင် ရဲ့ အကူအညီ တွေလည်း ရခဲ့ တယ်လို့ ဆိုပါတယ်။ ထူးအောင် နဲ့ ထွန်းကိုကို တို့ကိုတော့ ၁၀၁၄ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲ တွေ့ရဦးမှာ ဖြစ်ပါတယ်။

''Challenge body ဒီလိုအချိန်တိုအတွင်းမှာ ဒီအနေထားတစ်ခုကို ရောက်နိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် challenge ခေါ်ပြီး သေချာစနစ်တကျ train ပေးခဲ့တဲ့ trainer ဆရာ Nick (kyal sin Fitness) နှင့် ညီလေးထူးအောင်ကိုလည်း  အများကြီးကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ ၁၇ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

ဦးကျော်သူရဲ့ အနုပညာအလုပ်တိကျမှုတွေကိုပြောလာတဲ့ မေမြင့်မိုရ် 

Photo: ထွန်းကိုကိုဖေ့စ်ဘွတ်

 

၁၀၁၄ ရုပ်ရှင် ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo: ထွန်းကိုကိုဖေ့စ်ဘွတ်

 

ထွန်းကိုကိုဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရသလို၊ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ဖြစ်နေ ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ရဲတစ်ယောက်ကာရိုက်တာအဖြစ်နဲ့သာ သတိထားမိကြတာပါ။ ခပ်ကြမ်းကြမ်း သူပုန် ကာရိုက်တာတွေလည်း သရုပ်ဆောင်ထားသေးတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က