နေတိုးနာမည်နဲ့ အများကြီးပါပဲ။

နေတိုးနာမည်နဲ့ အသုံးပြုနေတဲ့ ပေ့ချ်တွေများလာတာကြောင့် ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေ နားလည်မှု လွဲတာမျိုး တွေ မဖြစ်စေဖို့ ပြောထားတာပါ။



 

သရုပ်ဆောင် နေတိုးက နာမည်တူ ဖေ့စ်ဘွတ်ပေ့ချ်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကို အသိပေးထားတာ တွေ့ရပါတယ်။ နေတိုးနာမည်နဲ့ အသုံးပြုနေတဲ့ ပေ့ချ်တွေများလာတာကြောင့် ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေ နားလည်မှု လွဲတာမျိုးတွေ မဖြစ်စေဖို့ ပြောထားတာပါ။

Photo : နေတိုး FB

 

"ဖော်ပြပါ Nay Toe page များနှင့် တခြားတခြားသော nay toe နာမည်နှင့် page များအား ကျွန်တော် အသုံးပြု ခြင်းမရှိကြောင်းနှင့် ကျွန် တော်သုံးသော page မှာ ယခု post တင်သော official page https://www.facebook.com/officialnaytoe/ တခုတည်း သာရှိကြောင်း ပရိ သတ်များနှင့် လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများ နားလည်လွဲမှားမှုမဖြစ်စေရန် အသိပေးအပ်ပါသည်။ ပရိသတ်များ အားချစ်ခင် လေးစား စွာဖြင့် နေတိုး" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာ(၁၉) ရက်နေ့က ရေးသားထားတာပါ။

Photo : နေတိုး FB

 

နေတိုးကိုယ်တိုင် အသုံးပြုခြင်း မရှိတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကိုလည်း ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာတွေ့ရပါတယ်။ နာမည်တူပေ့ချ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ နေတိုးကို ပရိသတ်တွေကလည်း ကျေးဇူးတင်နေကြပါတယ်။ တချို့ပရိသတ်တွေနဲ့ အနေနဲ့ နေတိုးရဲ့ ဖေ့စ်ဘွတ် အကောင့်ကို မသိတာကြောင့် နေတိုး နာမည်ပါတဲ့အကောင့်တိုင်းကို Follow လုပ်ထားတာတွေ၊ Like လုပ်ထားတာတွေ ရှိခဲ့ပါတယ်။

ပရိသတ်တွေကလည်း နေတိုးနာမည်နဲ့ ဖေ့စ်ဘွတ်အကောင့် အတုတွေများနေတာကြောင့် ဘယ်ဟာအကောင့်အစစ်မှန်း မသိဘဲ ဖြစ်နေခဲ့တာပါ။ အခုလိုမျိုး ပြောပြထားတာကြောင့် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။

Photo : နေတိုး FB

"မီ"ကို အားပေးစကားပြောလာတဲ့ နေတိုး 

နေတိုးဟာ လက်ရှိမှာ "ကြောက်ကြောက်ကြောက်၂ "ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရှိသလို "ကျားနဲ့ဆင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ဖို့ ရှိနေပါတယ်။

ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ အတွင်းမှာပဲ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးသွားမှာဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ထွန်းထွန်း၊ မိုးယံဇွန်၊ တိုင်ရွန်၊ ငြိမ်းချမ်းကျော်၊ နန်းဆုဦး၊ မေမြင့်မိုရ်၊ မျိုးသန္တာထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဆင်မ၊ ဘိုဘို၊ မျိုးမျိုးခိုင် တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo : နေတိုး FB

 

၂၀၀၁ခုနှစ်ကစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ခုနှစ် စက်တင်ဘာ(၉)ရက်နေ့မှာ  မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK modeling agency မှာ သင်တန်းတက် ရောက်ခဲ့ပြီး ဂီတအပိုင်းနဲ့ ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

Photo : နေတိုး FB

 

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို  မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က