သမီးလေးကဇာတ်ကားတွေ စရိုက်နေပါပြီ။

ဒီနေ့(နိုဝင်ဘာ၂၁ရက်)က သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးရဲ့ မွေးနေ့ပါ။



Photo : မင်းမော်ကွန်း FB

 

ဒီနေ့(နိုဝင်ဘာ၂၁ရက်)က သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးရဲ့ မွေးနေ့ပါ။ အသက်(၁၇) နှစ်ပြည့် သွားပြီဖြစ်တဲ့ သမီးလေး လေပြေသွေးရဲ့ မွေးနေ့အတွက် ဖေဖေမင်းမော်ကွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ  ယခုလို မွေးနေ့ဆုတောင်းစကားလေး ပြောပြေပေးထားတာတွေ့ရပါတယ်။

"Happy birthday ငယ်လေးပညာတတ်ကြီးဖြစ်ပါစေI love u" ဆိုပြီး နိုဝင်ဘာ(၂၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သမီးလေးရဲ့ ဓာတ်ပုံ တင်ပြီး မွေးနေ့ဆုတောင်းစကားလေး ပြောထားတာပါ။

Photo : လေပြေသွေး FB

မင်းမော်ကွန်း တင်ထားတဲ့ မွေးနေ့ဆုတောင်း ပို့စ်အောက်မှာလည်း  အနုပညာညီအစ်ကိုတွေ ဖြစ်ကြတဲ့ ကျော်ကျော်ဗို၊ ဇွဲနိုင်ဝင်းတို့အပြင် အခြားသော ညီအစ်ကို မောင်နှမတွေက မွေးနေ့ဆုတောင်းလေးတွေ အသီးသီး ရေးသားထားကြပါတယ်။ လက်ရှိမှာ မင်းမော်ကွန်းဟာ သားသမီး (၃) ယောက် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ လေပြေသွေးက တစ်ဦးတည်းသော သမီးလေးပါ။

အနုပညာမျိုးရိုးက ဆင်းသက်လာသူ တစ်ဦးဖြစ်ပြီး ဖခင်ရဲ့ အနုပညာသွေး အပြည့်အဝ ပါလာတဲ့ သမီးလေး လေပြေသွေးက မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာပါ။

Photo : လေပြေသွေး FB

ဖေဖေက အိုက်တင်တွေ သင်ပေးတယ်ဆိုတဲ့ လေပြေသွေး 

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးက မကြာခင်ရိုက်ကူးတော့မယ့် ကျားနဲ့ဆင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ် ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် ပထမဆုံးဇာတ်ကားဖြစ်တာကြောင့်လည်း ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားပါတယ်။ သေသေချာချာ လုပ်ရမှာဆိုတော့လည်း အခက်အခဲတွေတော့ ဖြစ်လာမှာပါ။ ဒါပေမယ့် ဘေးနားက ဝိုင်းသင်ပေးမယ့် သူတွေကလည်း အများကြီးပါပဲ။ ဖေဖေကတော့ သမီးတို့ ရုပ်ရှင်တွေ ကြည့်ဖြစ်ကြတဲ့အခါ အိုက်တင် လုပ်တာတွေ သင်ပေးဖြစ်တယ်'' လို့ဆိုပါတယ်။

Photo : လေပြေသွေး FB

 

လေပြေသွေးဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။ အဘိုးဖြစ်သူ ဦးဇင်ဝိုင်းကလည်း လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဥက္ကဌရာထူးကို ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မင်းမော်ကွန်းကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူး နေရသူပါ။ အဲ့ဒီနောက် အစ်ကိုဖြစ်သူ မင်းမြတ်ကလည်း ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က