ဘာလို့လဲတော့ မသိဘူး။

အရင်ကဆို တောင်ကြီး တန်ဆောင်တိုင်ပွဲကို လာဖြစ်ပေမယ့် အလုပ်ပြီးတာနဲ့အိမ်တန်းပြန်ဖြစ်တာကြောင့် မီးပုံပျံပွဲကို မကြည့်ဖြစ်ခဲ့ ဘူးလို့ ဆိုပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

အဆိုတော် စန္ဒီမြင့်လွင်က တန်ဆောင်တိုင် ပိတ်ရက်လေးမှာ ခင်ပွန်းနဲ့အတူ တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်ကဆို တောင်ကြီး တန်ဆောင်တိုင်ပွဲကို လာဖြစ်ပေမယ့် အလုပ်ပြီးတာနဲ့တန်းပြန်ဖြစ်ပြီး မီးပုံပျံပွဲကို မကြည့်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီနှစ်မှာ စိုးသူနဲ့ အမဖြစ်သူ စိုးမြတ်နန္ဒာတို့ရဲ့ ကျေးဇူးကြောင့် တစ်ခါမှ မကြည့်ဖူးတဲ့ မီးပုံးပျံ ပွဲကို ကြည့်ဖြစ်ခဲ့တာကြောင့် အရမ်းပျော်ခဲ့ ရပါတယ်။ အဲ့ဒါကြောင့်လည်း စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ကို ကျေးဇူးတင်စကား ပြောထားပါသေးတယ်။

Photo : စန္ဒီမြင့်လွင် FB

 

"တောင်ကြီးတန်ဆောင်တိုင် အရင်ကကိုယ့်အလုပ်ပြီးတာနဲ့တန်းပြန်တယ်။ ဒီနှစ်တော့ တစ်ခါမှမကြည့်ဘူးတဲ့ မီးပုံပျံပွဲကြည့်ဖြစ်တယ်။ စီစဉ်ပေးတဲ့သူတွေ အား လုံးနဲ့ကြည့်ဖို့ခေါ်တဲ့ မဒါနဲ့ဘစိုးလဲကျေးဇူးတင်ပါတယ်။ အရမ်းဧည်ဝတ်ကျေတဲ့ကို စိုင်းရွက်တို့မိသားစုကိုလဲ ကျေးဇူးအထူးတင်ပါတယ်ရှင့်" ဆိုပြီး စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

ခင်ပွန်းနဲ့ အတူ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲကို အတူတူ ဆင်နွဲရလို့ စန္ဒီမြင့်လွင်တစ်ယောက် ပျော်လို့နေပါတယ်။ စန္ဒီမြင့်လွင်က လက်ရှိမှာဖျော်ဖြေရေးပွဲတွေ သွားဖြစ်နေသလို သူမရဲ့ ဆိုင်ဖြစ်တဲ့ "မင်းသမီး" ပိုးထည်တိုက်ကိုမှာ ထိုင်ဖြစ်နေပါတယ်။ ကိုယ်ပိုင် ဒီဇိုင်းလေး တွေ ဖန်တီးဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ သူမဖန်တီးထားတဲ့ ဒီဇိုင်းလေးက ရောင်းအားကောင်းခဲ့လို့လည်း ဝမ်းသာလို့နေပါတယ်။

ပရိသတ်အားပေးမှု ကြမ်းခဲ့တဲ့အပေါ်မှာလည်း သူ့ရင်ထဲက စကားကို အခုလိုပြောပြ ခဲ့ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

နှစ်ယောက်စလုံးက အရမ်းRoတတ်ကြတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 

''ဆိုင်ရဲ့ကိုယ်ပိုင် ဒီဇိုင်းအဆင်လေး၊ ဒီးဒီဝတ်ထားတဲ့ ဒီဇိုင်းမျိုး အရမ်းရောင်းရလို့ ကုန်တောင်ကုန်သွားပြီ နောက်ထပ် အော်ဒါတွေလည်း ထပ် မှာ ကြတဲ့အတွက် အရမ်းပျော်ပါတယ်ရှင်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးကိုလည်း ထုတ်ကြွားခဲ့ပါသေးတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ရဲ့ မင်းသမီးပိုးထည်ဆိုင်ကို အောက်တိုဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါ တယ်။ ဆိုင်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ ဝယ်ယူအားပေးသူတွေ များခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ နောက်ထပ်လည်း ကိုယ်ပိုင်ဒီဇိုင်းတွေ ဆက်ထုတ်သွားဦးမယ်လို့ သူကဆိုပါတယ်။

'' ဆိုင်က ပစ္စည်းလေးတွေကလည်း ပြတ်ပြတ်တော့ ဒီးဒီတို့ ပစ္စည်းတွေ ထပ်ထပ် ထည့်ရတယ်။ ဒီးဒီတို့ တံဆိပ်နဲ့ မင်းသမီးက ပုဆိုးတွေ ထွက် ဖို့ရှိတယ်။ မင်းသမီးဆိုတဲ့ S4 ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေလည်း ရောင်းရတာ ကုန်သွားတဲ့အတွက် ထပ်ပြီးတော့ လုပ်နေတယ်။ အများကြီးပဲ ထပ်လုပ် ဖြစ်ပါတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

 

စန္ဒီမြင့်လွင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းဖျော်ဖြေရေးတွေလည်း ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်နဲ့ ခင်ပွန်း ဖြစ်သူ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ပြီးနောက် နိုဗိုတယ်လ် ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ Lotte Hotel မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။



က္က