တရားဝင်ကြေညာလိုက်ပါပြီ
Sabal Thwin

မင်းဦးကတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင် အမျိုးသမီး အသစ်တွေ ရွေးချယ်သွားမယ် လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်ကားလေးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပုံဖော်ချင်တဲ့အကြောင်း လည်း ပြောပြလာပါတယ်။



Photo: မင်းဦးဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီမင်းဦးက သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် မင်းသမီး အသစ်ရွေးမယ်လို့ ဆိုပါ တယ်။ ဒီ့အတွက်ကြောင့်လည်း အနုပညာကို ဝါသနာပါတဲ့ သရုပ်ဆောင်လေးတွေ အတွက်တော့ အခွင့်အရေးတစ်ခု ပေါ်လာပြီဖြစ်ပါတယ်။

'' နောက်ရိုက်မဲ့ရုပ်ရှင်အတွက် မင်းသမီးအသစ်ရွေးမယ်ဗျာစဉ်းစားရတာစိတ်ရူပ်လို့ " ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၂နာရီခွဲ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ မင်းဦးအတွက် ဒုတိယမြောက် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo: မင်းဦးဖေ့စ်ဘွတ်

သမီးလေးလိုချင်တယ်လို့ စိတ်ကူးယဉ်ထားတဲ့ မင်းဦး 

အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်မင်းဦးဟာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ထားတဲ့ ''ချူဆီ ရုပ်ရှင် ဇာတ် ကား ကြီး'' ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လက်မလည်အောင် ဆောင်ရွက်နေရတဲ့ မင်းဦးကို ဇနီးဖြစ်သူ မခိုင်ဝေလွင်က အစစအရာရာ နားလည်ပေးမှုရှိတယ်လို့ ဆိုပါတယ်။

Photo: မင်းဦးဖေ့စ်ဘွတ်

 

သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်နေတဲ့ မင်းသားတစ်ယောက်၊ ဒါရိုက်တာဘက်ကိုလည်း ခြေလှမ်းနေပြီဖြစ်တဲ့ မင်းဦး ဟာ Romance ဆန်ဆန် အချစ်ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်သူပီပီ ကိုယ်တိုင်ကလည်း Romance ဆန်တဲ့ အချစ်ဇာတ်ကားလေးကို ရိုက်ကူး ပုံဖော် ချင်တယ်လို့ မီဒီယာတွေကနေတဆင့်ေုပြာပြခဲ့ဖူးပါတယ်။

'' အစ်ကို ကိုယ်တိုင် Romance ပုံစံဇာတ်ကားလေးရိုက်ချင်တယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ပေါ့နော်။ Romance ဆိုတာမျိုးက လည်း အသက်အရွယ်နဲ့မဆိုင်ဘူးလို့ အစ်ကိုမြင်တယ်၊ အချစ်ဆိုတာလည်း အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ တခြားသူတွေအမြင် မှာ တော့ တစ်မျိုး ဖြစ်ကောင်းဖြစ်မယ်'' လို့ ဆိုပါတယ်။

Photo: မင်းဦးဖေ့စ်ဘွတ်

 

မင်းဦးကိုယ်တိုင် ပထမဆုံးရိုက်ကူးပုံဖော်ခဲ့တဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ကျော်ထက်အောင်နဲ့အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေ၊ နန်းစုဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က