ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေလည်း ပါဝင်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့် ပြသချိန်တွေ ထပ်တိုးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကြိုးစားမှုရဲ့ နောက်ကွယ်က ပုံလေးတွေကိုလည်း နေတိုးက ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးထားပါတယ်။



Photo : နေတိုး FB

 

"မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြားထဲမှာ အရမ်းကို အောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားကို နိုဝင်ဘာလ(၁၆) ရက်နေ့ကတည်းက  မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ တစ်ပြိုင်တည်း ပြသနေတာပါ။ ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့် ပြသချိန်တွေ ထပ်တိုးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အခုလည်း နေတိုးက မုန်းစွဲ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကို ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ပြန်လည် ဝေမျှထားတာ တွေ့ရပါတယ။်

Photo : နေတိုး FB

 

နေတိုးဟာ ရိုက်ကွင်းနောက်ကွယ်က ပုံတွေ မတင်ခင်မှာ သူပါဝင်ထားတဲ့ ဇာတ်ကားသုံးကာဖြစ်တဲ့ မုန်းစွဲ၊ မီ၊ အမုန်းတွေခေါက်ထားလိုက် စတဲ့ ရုပ်ရှင်ဇာတ်ကားသုံးကားထဲကနေ ပရိသတ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတစ်ကားရဲ့ နောက်ကွယ်က ပုံရိပ်လေးတွေကို တင်ပေးမယ့် အကြောင်း နိုဝင်ဘာ(၂၃) ရက်နေ့က ပြောခဲ့ပါတယ်။

Photo : နေတိုး FB

 

"ကျွန်တော်ချစ်သော ကျွန်တော့်ကိုချစ်ကြသောရုပ်ရှင်ချစ်ပရိသတ်များသို့.ဖော်ပြပါ ရုပ်ရှင်ကား သုံးကား သည် ယခုအချိန်အထိ ရုံတင်ပြ သလျှက် ရှိနေသေးသော ရုပ်ရှင်ကားများဖြစ်ပါတယ်။ ပရိသတ်များအားပေးမှုကြောင့်ကြိုးစားခဲ့ကြတဲ့အချိန်တွေကိုပြန်လည်သတိရရင်း ပီတိတွေဖြစ် နေမိတာလဲအမှန်ပါ။ တကယ်တော့ ဦးတည်ချက်နဲ့ဆိုလိုရင်းကဒီလိုပါ ကျွန်တော်ထိတွေ့ဖန်တီးခွင့်ရခဲ့သော ရုပ်ရှင်ရိုက် ကူးခြင်းနောက်ကွယ်မှ ပရိသတ်ရွေးချယ်ပေးသော ရုပ်ရှင်ကားတစ်ကားရဲ့ပုံရိပ်များကိုဖော်ပြသွားမှာဖြစ်ပါတယ်။ comment မှာ ရုပ်ရှင် ကားနာမည်ကိုရေးပြီး အများဆုံး ဖြစ်လာမဲ့ ..နာမည်တစ်ခုကိုရင်ခုန်ခြင်းများစွာဖြင့်...နေတိုး" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးခဲ့တာပါ။

Photo : နေတိုး FB

ပြည်တွင်းမှာရော စင်ကာပူမှာပါ အောင်မြင်နေတဲ့ မုန်းစွဲ ရုပ်ရှင် 

ပရိသတ်တွေရဲ့ တောင်းဆိုမှု အများဆုံး ရုပ်ရှင်ဇာတ်ကားက မုန်းစွဲပါ။ ဒါကြောင့် နေတိုးက သူ့ရဲ့ ပရိသတ်တွေအတွက် "မုန်းစွဲ" ရုပ်ရှင် ဇာတ်ကား နောက်ကွယ်က ပုံလေးတွေကို အပိုင်း(၂)ပိုင်း ခွဲပြီး ပြန်လည်ဝေမျှခဲ့ပါတယ်။ နေတိုးတင်ပေးထားတဲ့ ရိုက်ကွင်းက ပုံရိပ်တွေ ကို ကြည့်ခြင်းအားဖြင့် ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားမှု မုန်းစွဲ တစ်ဖွဲ့သားလုံးရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို မြင်တွေ့နိုင်ပါတယ်။

နေတိုးတင်ထားတဲ့ အမှတ်တရ ပုံတွေထဲကမှ မင်းသွေးနဲ့ နေတိုးတို့ရဲ့ ညီအစ်ကို နှစ်ယောက် ပုံတွေကိုကြည့်ပြီး မုန်းစွဲ အဖွဲ့သားတွေ သာမက ပရိသတ်တွေကပါ မင်းသွေးကို လွမ်းဆွတ်သတိရမိစေခဲ့ပါတယ်။

Photo : နေတိုး FB

 

''မုန်းစွဲ''ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အောင်မြင်မှု အမှတ်တရ အနေနဲ့ ကွယ်လွန်သူ မင်းသွေးအတွက် ရည်စူးပြီးအလှူအတန်းတွေ ပြုလုပ် သွားမယ် လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ထုတ်လုပ်သူ ကိုဝေမင်းမောင်ကဆိုပါတယ်။ ဒီနေ့ (နိုဝင်ဘာ၂၄ရက်)မှာလည်း မုန်းစွဲအဖွဲ့သားတွေဟာ စင်ကာပူမှာရှိတဲ့ ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

"မုန်းစွဲ" ဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က