ကိုယ်တိုင်မကြုံဖူးတော့ ကိုယ်ချင်းမစာတတ်ဘူးပေ့ါ။

အခုတော့ အကျိုးအကြောင်းကိုမသိ ဝေဖန်သူတွေကြောင့် ချောရတနာ တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ချောရတနာ FB

 

သရုပ်ဆောင် ချောရတနာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး မိသားစုကို အချိန်ပေးဖြစ်နေပါတယ်။ သားနဲ့သမီးကို အချိန်ပေး ဖြစ်နေတဲ့ မိခင်တစ်ယောက်ဖြစ်တဲ့  သူမအနေနဲ့ ခန္ဓာကိုယ် အလှအပတွေကိုလည်း ဂရုမစိုက်မိပါဘူး။ သူမကိုယ်တိုင်က ဝမှာ ကြောက်တဲ့ သူဖြစ်ပေမယ့် သမီးလေးမွေးပြီးချိန်မှာ မိခင်နို့သိပ်မထွက်တာကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို သင့်သလို စားခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးဖူးပါတယ်။

Photo : ချောရတနာ FB

 

အခုတော့ အကျိုးအကြောင်းကိုမသိ ဝေဖန်သူတွေကြောင့် ချောရတနာ တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

"ဝနေလိုက်တာများ စိတ်ပျက်စရာကြီး ပြောထွက်ကျတယ် နော် မဝ ဖူးတော့ ကိုယ်ချင်းမစာတက်ဖူး။မိခင်နို့ ပဲ တိုက်လေ ဘာလို့ နို့ မှုန့်တိုက် တာလဲ (မင်းသမီး အဲ့လောက်အလှ ပျက်မှာ ကြောက်နေတယ် ဟုတ်လား)ဘယ်လောက်ကြိုးစား ကြိုး စား နို့မထွက်တဲ့ မိခင်ရဲ့ နုလုံး သားကို ကိုယ်ချင်းမစာတက်ဘူး။ကလေးထိန်းရှိရဲ့သားနဲ့ အပြင်မထွက်နိုင်တာ အလကား အပိုတွေပါ ကိုယ့်အခက်ခဲကို အိမ်မှာ ကလေး ထိန်း ရှိပေမယ့် မိသားစုဝင် တစ်ယောက်မဟုတ်တစ်ယောက် အိမ်မှာရှိတဲ့လူ ကိုယ်ချင်းမစာ တက်ဖူး"ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၄) ရက်နေ့က ရေးသားထားတာပါ။

Photo : ချောရတနာ FB

ကြိုးစားချင်စိတ်တွေကို ရိုက်ချိုးနေကြတယ်လို့ ပြောလာတဲ့ ချောရတနာ 

ကိုယ်ချင်းစာစိတ်ဆိုတာလဲ ကိုယ်တိုင်မကြုံဖူးတဲ့ သူတွေအတွက် တော်တော်ခက်ခဲပါလားနော်ဆိုပြီး သူမက ဆက်လက်ပြောပြ ထားပါသေး တယ်။သရုပ်ဆောင် ချောရတနာဟာ သမီးငယ်လေးကို ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့က မွေးဖွားခဲ့တာပါ။ သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ချောရတနာဟာ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြောငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့ အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။

Photo : ချောရတနာ FB

 

ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ် ပါတယ်။အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။

ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က