ရင်တွေအရမ်းတုန်နေလို့တဲ့။
Ei Ei Myat

တောင်ငူကို ပြန်ချင်လွန်းလို့ စာမေးပွဲကိုမေ့ပြီး သွားခဲ့ပေမယ့် တောင်ငူမှာ အပြည့် အဝ မပျော်ခဲ့ရဘူးတဲ့။

Photo : စိုးပြည့်သဇင် FB

 

တောင်ငူမှာ သီချင်းသွားဆိုပြီး ရန်ကုန်မှာ စာမေးပွဲ ပြန်လာဖြေရတဲ့ စိုးပြည့်သဇင်တစ်ယောက် စာမေးပွဲခန်းထဲ မှာ ရင်တွေ တုန်ခဲ့ရတယ်လို့ ဆိုပါတယ်။ စာမေးပွဲကာလအတွင်းမှာ တောင်ငူကို ပြန်ချင်လွန်းလို့ စာမေးပွဲကိုမေ့ပြီး သွားခဲ့ပေမယ့် တောင်ငူမှာ အပြည့် အဝ မပျော်ခဲ့ရဘူးလို့ သူမက ပြောထားပါတယ်။

Photo : စိုးပြည့်သဇင် FB

 

"ညကတောင်ငူမှာဆိုပြီး.ညတွင်းချင်းပြန်လာရတယ်. မနက်စာမေးပွဲဖြေဖို့....စာကကြိုကျက်ထားပေမဲ့လေ...နောက်ဆုံးနှစ် ဆိုတော့ စာများ တာ ရယ် စာကျက်ချိန်ကလည်းအလုပ်ရှုပ်ပြီးနည်းတော့လေ စိတ်ထဲမှာပူပန်တာပေါ့။ နဂိုထဲကမှစာမေးပွဲဆိုရင်စာပိုင်ပိုငိမပိုင်ပိုင် စိတ်ပူပန် မှုက အရမ်းများတတ်တာ.။ တောင်ငူကိုပြန်ချင်လွန်းလို့သာ..စာမေးပွဲကိုမေ့ပြီးလာခဲ့ရတာ....ပူပန်မှုကြီးက ရှိနေတော့အပြည့် တောင်မပျော်နိုင် ဘူး စိတ်ထဲစာမေးပွဲကရောက်ရောက်လာတယ်။ညတွင်းချင်းပြန်...အိမ်ရောက်တော့၄နာရီမအိပ်တော့ဘူးဆိုပြီးစာကျက်ရပြန်ရော စာမေးပွဲ ခန်းထဲ ရောက်တော့ရင်တွေတုန် မေ့ကုန်မှာစိုးလို့စိတ်အေးအေးထားပြီး တရားကမှတ်လိုက်ရသေး.တော်သေးတယ်....၆ပုဒ်မေးတာ...၅ပုဒ်ဖြေနိုင်ခဲ့ပါတယ်....ခုမှဘဲရင်ထဲအလုံးကြီးကျသွားတော့တယ်" ဆိုပြီး နိုဝင်ဘာ (၂၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်ဟာ လက်ရှိမှာရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာမြန်မာစာ နောက်ဆုံးနှစ်နဲ့ အဝေးသင် စာမေးပွဲကို ဖြေဆိုနေရတာ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က နိုဝင်ဘာ(၂၂) ရက်နေ့ တောင်သူမြို့မှာ  ကျင်းပတဲ့ တောင်ငူကေတုမတီမြို့တည်နန်းတည်(၅၀၈)နှစ်ပြည့်ပွဲတော်ကြီးမှာ ဘုရင့်သမီးတော် မင်းသမီးလေးအဖြစ် ပါဝင်ခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်း ကြီးကျယ် ခမ်းနားစွာ ပြုလုပ်လေ့ရှိတဲ့ တောင်ငူကေတု မတီမြို့တည် နန်းတည် ပွဲကြီးမှာတောင်ငူသူလေး စိုးပြည့်ကလည်း ပါဝင်ဆင်နွဲလေ့ ရှိသူ ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

ဝန်ထမ်းတွေ ကန်တော့ကြလို့ နေမထိထိုင်မသာ ဖြစ်နေတဲ့ စိုးပြည့်သဇင် 

စိုးပြည့်သဇင်ဟာ အနုပညာအလုပ်တစ်ဖက်နဲ့ ပညာရေးကို ဆည်းပူးနေသူဖြစ်ပါတယ်။ဒီနှစ်က သူမအတွက် အရှေ့ပိုင်းတက္က သိုလ် မှာ ပညာသင်ယူတာ နောက်ဆုံးနှစ်ပါ။ စိုးပြည့်က လက်ရှိမှာ သူတိုု့ ညီအစ်မတွေ ဖွင့်လှစ်ထားတဲ့ "မင်းသမီးပိုးထည်တိုက်" ဆိုင်အတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။


Author


က္က