ကြွေပြီ အသဲရယ်တဲ့။

နီနီခင်ဇော်ဟာ ကမ္ဘာကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ Calum Scott ရဲ့ You are the reason ဆိုတဲ့သီချင်းကို Cover Song ပြန်ဆိုထားတာ တွေ့ရပါတယ်။ နီနီ့ရဲ့ Cover Song လေးကလည်း သရုပ်ဆောင် မယ်လိုဒီရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြန်ပါသေး တယ်။



Photo: နီနီခင်ဇော်

 

အဆိုတော် နီနီခင်ဇော်က ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Calum Scott ရဲ့ You are the reason ဆိုတဲ့သီချင်းကို Cover Song အနေနဲ့ ပြန်လည်သီဆိုထားတာကို တွေ့ရပါတယ်။ ဒီသီချင်းဟာ Calum Scott ရဲ့ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်သလို နီနီ့ အတွက်ကလည်း ပရိ သတ် အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Photo: နီနီခင်ဇော်

 

နီနီခင်ဇော်ရဲ့ You are the reason ဆိုတဲ့ Cover Song သီချင်းဗီဒီယိုလေးကို နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီ Cover Song သီချင်းဗီဒီယိုလေးကိုလည်း ခရီးသွားနေရင်းက ဖုန်းနဲ့ ပုံဖော်ရိုက်ကူးခဲ့တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

သားလေးကို ပညာ၊ဗဟုသုတတိုးစေဖို့ ခရီးထွက်ခဲ့ကြတယ်ဆိုတဲ့ မယ်လိုဒီ 

Photo:မယ်လိုဒီ

 

You are the reason ဆိုတဲ့ Cover Song သီချင်းဗီဒီယိုလေးကို ၁၃နာရီအတွင်းမှာပဲ  ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း ၈၉၄၅၀ အထိရှိခဲ့ ပါတယ်။ ဒီအထဲမှာမှ သရုပ်ဆောင်မယ်လိုဒီကလည်း သူ့ရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တယ်လို့ ပြောပြထားတာ တွေ့ရပါတယ်။

'' အသဲရယ် အကြိုက်တွေ သိနေသလိုဘဲ ကြွေ ကြွေ ကြွေ'' ဆိုပြီးတော့ နီနီခင်ဇော်ရဲ့ You are the reason ဆိုတဲ့ Cover Song လေးကို နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ Sharing လုပ်ရင်းနဲ့ ပြောပြထားတာဖြစ်ပါတယ်။

Photo: နီနီခင်ဇော်

 

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျှက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က