တကယ်ကို မွန်မြတ်တဲ့ ကုသိုလ်ပါ။

ဖြိုးမြတ်အောင်က အနုပညာကြေးထဲက ရလာတဲ့ ငွေကြေးတွေထဲက တချို့တစ်ဝက်ကို အလှူအတန်းတွေလုပ်နေတာ တွေ့ရပါ တယ်။ ဒီအလှူ အတန်းတွေနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်ကိုပြောပြလာပါတယ်။

Photo: ဖြိုးမြတ်အောင်

 

အဆိုတော်ဖြိုးမြတ်အောင်က သူ့ရဲ့ အနုပညာကြေးထဲက ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလုပ်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ တုန်းက လှူဒါန်းခဲ့တဲ့ အလှူလေးရဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို မိတ်ဆက်ပေးရင်း သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။

'' ကျွန်တော် နိုဝင်ဘာ ၈ရက်နေ့တုန်းက မျက်မမြင်ကျောင်းမှာ လုပ်ခဲ့တဲ့ အလှူလေးပါဗျ။ ကျောင်းက ကလေးတွေ ကိုလည်း စိတ်ဓာတ် ခွန် အားတွေ ရအောင် ကျွန်တော်မှာရှိတဲ့ အသံပါရမီလေးနဲ့ သီချင်းတွေလည်း ဖျော်ဖြေပေးခဲ့ပါသေးတယ်ဗျ။ အခု ပရိသတ်ကြီးလည်း သာဓု ခေါ်နိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာပါ။

Photo: ဖြိုးမြတ်အောင်

 

မျက်မမြင်ကျောင်းမှာတော့ ကလေးပေါင်း ၁၈၅ ယောက်ရှိပါတယ်။ ဒီ မျက်မမြင်ကလေးတွေအတွက် ဖြိုးမြတ်အောင်က အာဟာရဒါနအလှူ အဖြစ် ကော်ဖီများ၊ ချောကလက်မုန့်များ၊ မုန့်ဟင်းခါးနဲ့ ပေါင်မုန့် တွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' ကျွန်တော်က မျက်မမြင်ကျောင်းက ကလေးတွေအတွက် ကျွန်တော်အရမ်းကြိုက်တဲ့ ပရီမီယာကော်ဖီ၊ ပရီမီယာမော့၊ မုန့်ဟင်းခါးနဲ့ ပေါင်မုန့်တွေကို လှူတယ်ပေါ့နော်။ ကျွန်တော်အရမ်းကြိုက်တဲ့ အစားအစာတွေကို ကျွန်တော့် အနုပညာကြေးက ရတဲ့ ငွေနဲ့ လာရောက် လှူဒါန်းဖြစ်တာပါ'' ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီက တင်ခဲ့တဲ့ အလှူအမှတ်တရ ဗီဒီယိုဖိုင်လေးမှာ ပြောပြခဲ့ပါတယ်။

Photo: ဖြိုးမြတ်အောင်

 

အဲ့ဒီနောက် ဖြိုးမြတ်အောင်ဟာ မျက်မမြင်ကျောင်းမှာရှိတဲ့ ကလေးငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် တေးသီချင်းတွေနဲ့လည်း သီဆိုဖျော် ဖြေခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ဂီတသံတွေကြားမှာ ကလေးငယ်တွေလည်း ပျော်မြူးနေကြတာက ပီတိဖြစ်စရာကောင်းလှပါတယ်။

'' ဒီမှာရှိတဲ့ ကလေးတွေ အကုန်လုံးက မသန်စွမ်းပေမယ့်လည်း သူတို့ရဲ့ စိတ်ဓာတ်က အရမ်းကြံ့ခိုင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ကိုလည်း အရမ်းလေးစားမိပါတယ်။ ဒီကလေးငယ် ၁၈၅ ယောက်စလုံးကို ကျွန်တော့်ဆီမှာရှိတဲ့ အသံပါရမီနဲ့ သူတို့ကို ခွန်အားရစေမယ့် သီချင်းလေးတွေ ဆိုပြချင်သေးတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

မာနကြီးစိတ်မဝင်အောင် အမြဲထိန်းတယ် ဆိုတဲ့ ဖြိုးမြတ်အောင် 

Photo: ဖြိုးမြတ်အောင်

 

ဖြိုးမြတ်အောင်က Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတဖျော်ဖြေ ရေးတွေ အပြင် တီဗီကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက်ပါ။ အဲ့ဒီနောက် ပြိုင်ပွဲက ရတဲ့ ဆုငွေတွေအပြင် သူ့ရဲ့ အနုပညာကြေးတွေနဲ့လည်း အလှူအတန်းတွေ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က