ဒီနေ့က သူ့ရဲ့ မွေးနေ့ပါ။

အသက်(၂၅)နှစ်ပြည့် မွေးနေ့မှာ အလုပ်တွေနဲ့ ရှုပ်နေတဲ့ တိုင်ရွန်တစ် ယောက် သူငယ်ချင်းတွေ လုပ်ပေးတဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။



Photo : စစ်သွေး FB

 

ဒီနေ့ (နိုဝင်ဘာ၂၇ရက်)က သရုပ်ဆောင် တိုင်ရွန်ရဲ့ မွေးနေ့ပါ။ အသက်(၂၅)နှစ်ပြည့် မွေးနေ့မှာ အလုပ်တွေနဲ့ ရှုပ်နေတဲ့ တိုင်ရွန်တစ် ယောက် သူငယ်ချင်းတွေ လုပ်ပေးတဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။  စစ်သွေး၊အောင်လေးတို့နဲ့ အခြားသူငယ်ချင်းတွေက တိုင်ရွန်ရဲ့ ရှုတင်မှာ မွေးနေ့ Surprise လာလုပ်ပေးခဲ့ကြတာပါ။

Photo : စစ်သွေး FB

 

 ည(၁၂) နာရီမှာ Birthday Surprise လုပ်ပေးခဲ့တာ ဆိုပြီး စစ်သွေးရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ တိုင်ရွန်တစ်ယောက် မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းအသင်းတွေကို ကျေးဇူးတင်ကြောင်း Live လွှင့်ပြီး ပြောပြ ထားပါသေးတယ်။

"အသက် ၂၅ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ဆုတောင်းစကားတွေ ပြောပေးကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းအပေါင်းအသင်းဆွေမျိုးတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အလုပ်မအားသေးလို့ Reply မပြန်ဖြစ်သေးတာကိုလည်း နားလည်ပေးဖို့အတွက် မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်ကို Birthday Wish လုပ်ပေးတဲ့ သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်။" ဆိုပြီး နိုဝင်ဘာ(၂၇)ရက်နေ့ကပြောထားပါတယ်။

Photo : စစ်သွေး FB

အချစ်ရေးထက် အောင်မြင်မှုနောက်ကိုပဲ လိုက်နေမယ်ဆိုတဲ့ တိုင်ရွန် 

တိုင်ရွန်က လက်ရှိမှာ "လင်္ကာဒီပ" ချစ်သူပြဇာတ်တိုက်ဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေပါတယ်။လင်္ကာဒီပပြဇာတ်ကို မန္တလေးတိုင်း ဒေသကြီးလူမှုရေးနှင့်သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေပွဲတော်အဖြစ် ပြုလုပ်မှာ ဖြစ်ပါတယ်။ လင်္ကာဒီပချစ်သူ ပြဇာတ်ကြီးတွင် လူမင်း၊မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ ခါရာ၊တိုင်ရွန်၊ဝတ်မှုံရွှေရည်တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo : စစ်သွေး FB

 

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က