'' ဘေးနားရှိရင်'' လို့ အမည်ရပါတယ်။

ချစ်သုဝေက ဂီတအလုပ်နဲ့ ပတ်သက်ပြီး ၈ နှစ်အကြာမှာ ထွက်ရှိလာတဲ့ ''ဘေးနားရှိရင်'' သီချင်းလေးအတွက် ရင်ခုန်လို့နေပါ တယ်။ အားပေးကြည့်ရှုသူ ပရိသတ်တွေကလည်း ၁ သိန်း ၆ သောင်း ၇ ထောင်ကျော် ရှိခဲ့ပါတယ်။



Photo: ချစ်သုဝေ

 

ချစ်သုဝေရဲ့ '' ဘေးနားရှိရင်'' သီချင်းအသစ်လေးကို ဒီဇင်ဘာလ ၁ ရက်နေ့က မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ဂီတအလုပ် တွေ မလုပ်ဖြစ်တာ ၈နှစ်ကြာပြီးတော့မှ ပြန်လုပ်ဖြစ်တဲ့ သီချင်းလေးမို့ စိတ်လှုပ်ရှားနေတဲ့အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။

'' တိမ်တွေနေတဲ့အရပ် album ထွက်ပြီး ၈နှစ်အကြာမှ ထွက်ရတဲ့သီချင်းလေးမို့ ရင်တွေခုန်နေရရောပါ။ သီချင်းရေးပေးတဲ့ ကိုနေဝါနဲ့ MTV လေး အတွက်ကူညီကြသူအားလုံးကျေးဇူးပါနော်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီက သီချင်းအသစ်လေးကို မိတ်ဆက် ရင်း ရေးသားခဲ့ပါတယ်။

Photo: ချစ်သုဝေ

 

''ဘေးနားရှိရင်'' ဆိုတဲ့ သီချင်းလေးကို အားပေးကြည့်ရှုကြတဲ့ ပရိသတ်ပေါင်း ၁  သိန်း ၆ သောင်း ၇၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးဟာ အချစ်သီချင်း ချိုချိုလေး တစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေအကြိုက်နဲ့လည်း ထပ်တူကျခဲ့ပါတယ်။ ချစ်သုဝေ သီဆိုထားတဲ့ ''ဘေးနားရှိရင်'' သီချင်း မှာချစ်သုဝေနဲ့အတူ ငြိမ်းသော်ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

သမီးလေးတွေအပေါ်ထားတဲ့ စည်းကမ်းချက်အကြောင်းပြောလာတဲ့ ချစ်သုဝေ 

Photo: ချစ်သုဝေ

 

ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့နဲ့ အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo: ချစ်သုဝေ

 

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူး ချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က