ရွှေမှုံရဲ့ ပထမဆုံး သီချင်းနော်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ အတူဖန်တီးထားတဲ့ "အမှား" ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားထဲမှာ ရေပန်းစားလို့ နေပါတယ်။ အဲ့ဒီသီချင်းကို ဒီဇင်ဘာ(၆) ရက်နေ့က သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်တွေမှာ တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှုသူ (၃)သိန်းကျော်သွားခဲ့ပါပြီ။



Photo : ရွှေမှုံရတီ FB

 

ရွှေထူးနဲ့ ရွှေမှုံရတီတို့ အတူတူဆိုထားတဲ့ သီချင်းသစ်လေးက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီဇင်ဘာ(၆) ရက်နေ့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့နှစ်ဦးပထမဆုံး အတူပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်ကို တင်ပေးခဲ့ပါတယ်။ 

"အမှား" လို့ နာမည်ပေးထားတဲ့ သူတို့နှစ်ယောက်ရဲ့ သီချင်းဟာ ရွှေမှုံရတီအတွက် ပထမဆုံး သီချင်းလည်း ဖြစ်ပါတယ်။ ရွှေထူးကိုယ်တိုင် ရေးပေးထားတဲ့ အဲ့ဒီသီချင်းမှာ ပါဝင်သီဆိုထားတဲ့ ရွှေမှုံရတီရဲ့ အသံကလည်း လုံးဝကို အမိုက်စားပါပဲ။ ရွှေထူးပြောသလိုပဲ ရွှေမှုံက သီချင်းဆို တာနဲ့ ပတ်သက်လာရင် သွားပြောင်လို့ ရတဲ့အထဲမှာ မပါဘူးဆိုတာ သီချင်းက သက်သေခံလို့နေပါတယ်။

Photo : ရွှေမှုံရတီ FB

အလုပ်တွေမအားတာတောင် ခင်ပွန်းကို ဂရုတစိုက်ရှိလှတဲ့ ရွှေမှုံရတီ 

စာသားအမိုက်စားတွေနဲ့ ထိထိမိမိသီဆိုထားသလို သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုကလည်း အရမ်းကို မိုက်လှပါတယ်။ အိုက်တင်ပိုင်းမှာ ပြောစရာမလိုအောင် သရုပ်ဆောင်တတ်တဲ့ ရွှေမှုံအတွက် သီချင်းထဲမှာ သရုပ်ဆောင်မှုက ပြောစရာမလိုလှအောင် ပီပြင်လှပါတယ်။ သူတို့နှစ်ဦး သီဆိုထားတဲ့ " အမှား" ဆိုတဲ့ သီချင်းလေးက အခုဆိုရင် ကြည့်ရှုသူ (၃)သိန်းကျော် ရှိလို့သွားပါပြီ။ မကြည်ရသေးတဲ့ ပရိသတ်တွေအတွက် ဗိဒိယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

 

ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲဟာ လက်ရှိမှာ ဟန်နီးမွန်း ခရီးကနေ ပြန်ရောက်လို့နေပါပြီ။ ရွှေမှုံရတီကလည်း အနုပညာအလုပ်တွေ ပြန်လုပ်နေပါပြီ။ လက်ရှိမှာ ရွှေထူးက အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်တဲ့ ရွှေမှုံရတီရဲ့ ရှုတင် တွေကို  လိုက်ပေးနေတာတွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

Photo : ရွှေမှုံရတီ FB

 

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က