အသက် ၃ နှစ်ကျော် အရွယ်လေးရဲ့ ဘုရား၊ တရား လုပ်ဆောင်မှုတွေက..

ဘုရား၊ တရား အလုပ်တွေကို စိတ်ရင်းနဲ့ နက်နက်ရှိုင်းရှိုင်း လုပ်တတ်တဲ့ သားလေးကြောင့် မယ်လိုဒီ တစ်ယောက် အံ့သြမဆုံးဖြစ်လို့နေပါတယ်။ သားလေးကြောင့်လည်း မေမေမယ်လိုဒီက အမြဲတမ်း ဂုဏ်ယူနေရသူဖြစ်ပါတယ်။

Photo: Melody



မယ်လိုဒီက ဘာသာရေးမှာ ကိုင်းရှိုင်းလှတဲ့သားလေးရဲ့ အပြုအမူတွေကြောင့် အံ့သြမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အဆော့မက်တဲ့ သားလေးဆိုပေမယ့် ဘုရား၊ တရားကို အရမ်းကိုင်းရှိုင်းသူလေးဖြစ်ပါတယ်။

‘’၃နှစ် ၁၀လ ကလေးလေးက သူဆန္ဒရှိတဲ့အတိုင်း လုပ်ပေးပါပြောလာလို့ အံ့သြနေရပါတယ်။ သေချာအာရုံပြု နေတာ အံ့ရော ကျွန်မအတွက်တော့ တကယ့်သားရတနာပါဘဲ။ ကျန်တဲ့အချိန်တွေတော့ ဆော့ချက်က အားသကုန်ဘဲ ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင်။ ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်’’  ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Melody

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Melody

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၃ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: Melody

မယ်လိုဒီ(Melody)ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က