သားလေးက အချောလေး။

နန်းမြတ်ဖြိုးသင်းက သားသားလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်လို့နေပါတယ်။ နန်းမြတ်ဖြိုးသင်းက သားလေးကို ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟံသာ ဆေးရုံမှာ မွေးခဲ့တာပါ။

 

Photo : နန်းမြတ်ဖြိုးသင်း



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ပထမဦးဆုံး ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သားလေးကို ဧပြီ(၁၂) ရက်နေ့က ဂရန်းဟံသာဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ၅ပေါင်နဲ့ ၁၁အောင်စ ရှိတယ်လိုု့ သိရပါတယ်။ နန်းမြတ်က နှစ်ဆန်း(၁) ရက်နေ့က သားလေးပုံလေးနဲ့အတူ နှစ်သစ်ဆုတောင်းစကားလေး တောင်းပေးထားတာတွေ့ရပါတယ်။

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ “ ဆိုပြီး နန်းမြတ်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

လက်ရှိမှာတော့နန်းမြတ်က ဆေးရုံက ဆင်းပြီး ဖြစ်ကာ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။ နန်းမြတ်က သားလေးကို ချစ်စနိုးနဲ့ Jack Jack ဆိုပြီး နာမည်ပေးထားပါသေးတယ်။ အနုပညာအလုပ်တွေ ခဏရပ်နားထားတဲ့ နန်းမြတ်ဖြိုးသင်းက ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖြစ်နေသလို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်နေတယ်လို့ ဆိုပါတယ်။

သားဦးလေးမွေးပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ဇန်နဝါရီ(၁) ရက်နေ့ ပြုလုပ်တဲ့ ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲမှာ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ



က္က