ကောင်းတာလုပ်ရင် ကောင်းတာတွေပဲ ဖြစ်မှာပါတဲ့။

မေကဗျာက လတ်တလောမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး တော်တော်အချိန်ပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ဘာသာရေးလုပ်တဲ့ ကျေးဇူးတရာတွေနဲ့ ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။

Photo : မေကဗျာ



အနုပညာအလုပ်ရော စီးပွားရေးအလုပ်ကိုပါ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မေကဗျာက လတ်တလောမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး သေချာအချိန်ပေးကာ လုပ်ကိုင်နေတာတွေ့ရပါတယ်။ သစ်တံခါး ဆရာတော်ကြီးရဲ့ ပုတီးအဓိဌာန်များကိုလည်း မပျက်မကွက် ဝင်ပြီး ဘာသာရေးကို ယုံကြည်သက်ဝင်စွာ လုပ်ကိုင်နေသူပါ။ ဘာသာရေးလုပ်လို့လည်း သူမရဲ့ အလုပ်အကိုင်တွေ အဆင်ပြေလာကြောင်း ယခုလို ပြောပြထားပါသေးတယ်။

Photo : မေကဗျာ

“ဘာသာရေးကျေးဇူး သစ်တံခါးဆရာတော်ဘုရားကျေးဇူးပါကျွန်မကိုဘာသာရေးလုပ်တာ ဘာတွေထူးလဲမေးရင် ဒါတွေထူးပါတယ်။ကျွန်မ၏ယုံကြည်ရာ ကောင်းတာလုပ်ရင်ကောင်းတာတွေပဲဖြစ်မှာပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်(၃) ရက်နေ့က ရေးသားထားကာသူမရိုက်ကူးခွင့်ရတဲ့ TV Series အကြောင်းတွေနဲ့ သူမလုပ်ခွင့်ရလာတဲ့ အနုပညာအလုပ်တွေ အကြောင်းကို ပြောပြထားပါတယ်။

Photo : မေကဗျာ

ဆက်လက်ပြီးတော့လည်း သီချင်းဆို ရာသီရောက်တော့မှာ ဖြစ်လို့ ပွဲတွေနဲ့ ကားရိုက်ရတွေ တိုက်နေလို့လည်း စိတ်ညစ်နေရပြီလို့ သူမက ဆိုပါတယ်။ သူမကတော့ ဘာသာရေးရဲ့ ကျေးဇူးတရားတွေကြောင့် သူမရဲ့ လုပ်ငန်းတွေ ပြန်အဆင်ပြေနေပြီဆိုတာကို ပြောပြထားတာပါ။

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။

Photo : မေကဗျာ

သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က