မကြာခင်က ရှေးဟောင်းကမ္ဘာ့အမွေအနှစ်ဖြစ်ခဲ့တဲ့ ပုဂံကို ရည်ညွှန်းပါတယ်တဲ့။

နီနီခင်ဇော်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ASEAN Friendship Concert 2019 ဖျော်ဖြေပွဲကြီးမှာ ‘’ချစ်ရသော မြေ’’ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

Photo: ASEAN Friendship Concert 2019



အာဆီယံနိုင်ငံအသီးသီးရဲ့ နိုင်ငံကိုယ်စားပြု အဆိုတော်တွေပါဝင်တဲ့ ASEAN Friendship Concert 2019 ဖျော်ဖြေပွဲကြီးမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု အဆိုတော်အဖြစ် နီနီခင်ဇော်က ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ဖျော်ဖြေရေးမှာလည်း ပရိသတ်များစွာတို့က အားပေးခဲ့ကြတာ တွေ့ရပါတယ်။

‘’ ချစ်သော ချစ်ရသောမြေ'' MM ဒီနေ့ ASEAN Friendship Concert 2019 မှာ ချစ်ရသောမြေ MM သီချင်း နဲ့ ရှေးဟောင်းအမွေအနှစ် ပုဂံမြေ အတွက် ဂုဏ်ပြု ဖျော်ဖြေ ခဲ့ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့ မနက်စောစော ၁၂ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။ ဒီ ဗီဒီယိုဖိုင်ထဲမှာတော့ ‘’ချစ်ရသောမြေ’’ သီချင်း သီဆိုဖျော်ဖြေနေတဲ့ နီနီခင်ဇော်ကို နိုင်ငံအရပ်ရပ်က အနုပညာရှင်တွေ၊ ပရိသတ်တွေက အားပေးနေတာ တွေ့ရပါတယ်။ 

Photo: Ni NI Khin Zaw

ASEAN Friendship Concert 2019 မှာတော့ နိုင်ငံတကာက အဆိုတော် ၁၈ ယောက်ပါဝင်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နီနီခင်ဇော်က ပါဝင်လာတာပါ။ ဒီပွဲကြီးကိုတော့ သြဂုတ်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel 5 ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo: Ni NI Khin Zaw

နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ‘’ဂယ်ပဲ ဂယ်ပဲ’’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’Super Red’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’U’’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိခဲ့ပါတယ်။

Photo: Ni NI Khin Zaw

အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က