သူမရဲ့ မွေးနေ့ အမှတ်တရ အလှူလေးပါ။

ဆောင်းယွန်းစံဟာ သူမရဲ့ မွေးနေ့ကို ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ လှူခဲ့ပါတယ်တဲ့။ 

Photo: Saung Yoon San



သရုပ်ဆောင် ဆောင်းယွန်းစံက ဇူလိုင်(၂) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ ဒီအလှူလေးကိုတော့ ကရင်ပြည်နယ် ဘားအံမြို့က ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့တာပါတဲ့။ 

" ၂.၇.၂၀၂၀ မွေးနေ့အလှူလေး။ ဘားအံမြို့က ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတို့အတွက် တစ်ကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ လှူဒါန်းဖြစ်ခဲ့တယ်။ ဆောင်း လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကို အားလုံးကို အမျှပေးပါတယ်။ ဤသို့လှူဒါန်းရသောအကျိုးကြောင့် ဒီနေ့မွေးနေ့မှာ ကျရောက်တဲ့ ဆောင်းအကိုရော ပါဝင်ကူညီကြတဲ့ သူအားလုံးရော အဘိုးအဘွားတွေရော သက်ရှိသက်မဲ့ သတ္တဝါအားလုံး ကျန်းမာချမ်းသာလိုတိုင်းတရပါစေ။ သက်ရှည်ကျန်းမာပါစေ" ဆိုပြီးတော့ ဇူလိုင် (၂) ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Saung Yoon San

သူမဟာ အလှူအတန်းနဲ့ ပတ်သက်ပြီး လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ Covid ကာလမှာလည်း မေတ္တာသိင်္ဂဟ အဖွဲ့ နဲ့ အတူ စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ နေရာတွေကို အဆက်မပြတ် အလှူအတန်းလုပ်နေတာကို တွေ့ရပါတယ်။ ဆောင်းယွန်းစံကတော့ အခုဆိုရင် စီနီယာအနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ TV ကြော်ငြာတွေလည်း ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ 

Photo: Saung Yoon San

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က