ချစ်စရာလေး။
Ei Ei Myat

သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်က အဖြူအစိမ်းလေးနဲ့ ပြက္ခဒိန် ရိုက်ကူးရေးလုပ်နေတာ တွေ့ရပါတယ်။ ကျောင်းဝတ်စုံလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။

 

Photo : သဇင်ထူးမြင့်

အနုပညာအလုပ်တွေ လုပ်နေပြီဖြစ်တဲ့ သဇင်ထူးမြင့်က ရွှေကြိုအဖွဲ့သားတွေနဲ့အတူ ဇွန်လ(၆) ရက်နေ့ ပြက္ခဒိန် ရိုက်ကူးရေးတွေ လုပ်နေတာ တွေ့ရပါတယ်။ ရွှေကြိုအဖွဲ့က သူငယ်ချင်းတွေနဲ့ အတူ ကျောင်းဝတ်စုံလေးတွေ ဝတ်ပြီး ရိုက်ကူးရေး လုပ်နေတဲ့သူမက ကျောင်းကိုတောင် သတိရသွားတယ်လို့ ဆိုပါတယ်။

“ကျောင်းဝတ်စုံလေး ပြန်ဝတ်ရတော့ ကျောင်းကိုတောင် သတိရသွားတယ်။မနေ့ညက ပြက္ခဒိန် ရိုက်ကူးရေး” ဆိုပြီး ဇွန်လ(၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ ရွှေကြိုမောင်နှမတွေနဲ့ ဆုံရရင်ကို ပျော်နေတာပါပဲ။ သူတို့လေးတွေဟာ ၂၀၁၈ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုမောင်မယ်တွေအဖြစ် ပါဝင်ခွင့်ရပြီး တကယ့် မောင်နှမရင်းတွေလို ခင်မြင်သွားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့လေးဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခုချိန်ထိ ရရှိထားနိုင်တာတွေ့ရပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က