အဘွားရဲ့ နာရေးကိုတော့ လိုက်ပါပို့ဆောင်ခွင့်မရခဲ့ပါဘူး။

ပိုင်တံခွန်ကတော့ အဘွားဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့ပေမယ့် ရက်လည်ဆွမ်းကျွေးကို တော့ အရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အဖွားကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Photo: ပိုင်တံခွန်



ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဘွားဖြစ်သူရဲ့ ရက်လည်အတွက် မိသားစုတွေဆီ ပြန်လည်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

‘’အဖွားရဲ့ ရက်လည်ဆွမ်းကျွေးအတွက် ကျွန်တော်အရောက်လာခဲ့တယ်။ ကျွန်တော့်မိဘ၊ ကျွန်တော့်ဆွေမျိုးတွေနဲ့ ပြန်တွေ့ခွင့်ရတာ အရမ်းဝမ်းသာမိတယ်’’ ဆိုပြီးတော့ မတ်လ ၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မိသားစုဝင်တွေအပြင် ဆွေမျိုးတွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်က အဘွားဖြစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်တဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။ ဝမ်းနည်းပူဆွေးနေမယ့် မိခင်အတွက်ကိုလည်း ကိုယ်ချင်းစာတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

1:30 ရင်ထဲမှာ ဆို့နစ်အောင်ခံစားရပါတယ် ဖွားဖွား ခုချိန်အမေ့ ရင်ထဲမှာလည်း ပူလောင်နေမှာပါ။ မပြီးပြတ်သေးတဲ့ အလုပ်တွေကြောင့် အဖွားနာရေး သားပြန်လာချင်လဲ အရောက်မလာနိုင်ခဲ့တာ အမျိုးတွေအားလုံးကို နားလည်စေချင်ပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့က ရေးသားထားပါတယ်။

Photo: ပိုင်တံခွန်

ပိုင်တံခွန်(Paing Takon) ဟာ တက်သစ်စသရုပ်ဆောင်တွေထဲမှာမှ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အများဆုံးရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောလေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေတာဖြစ်သလို ပြည်ပနိုင်ငံမှ အနုပညာရှင်တွေနဲ့လည်း အနုပညာအလုပ်တွေ တွဲဖက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Photo: ပိုင်တံခွန်

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက်ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က