တခြား အကျိုးရှိတာပဲလုပ်ပါတဲ့။
Sabal Thwin

ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ်အကောင့်ကိုတော့ ခိုးယူဖို့ ကြိုးစားနေကြတဲ့ ဟက်ကာရှိတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။ သူမကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ‘’Now & Ever’’ ကလည်း ရုံတင်ပြသဖို့ ခွင့်ပြုချက်ရပြီလို့ဆိုပါတယ်။

Photo: Christina Kyi

ဒါရိုက်တာ ခရစ္စတီးနားခီဟာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ခိုးယူနေသူရှိတယ်လို့ဆိုပါတယ်။ ဒီလို ခိုးယူမယ့်အစား အကျိုးရှိတဲ့ အလုပ်တစ်ခုခုကို လုပ်ပါလို့ အကြံပြုတိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

‘’၂နာရီနဲ့၉မိနစ်မှာ account လာ hack သူ ဘာလိုချင်လို့ပါလဲ။ဘာမှမရှိဘူး။ ဦးနှောက်နဲ့ fb သုံးနေတာပါ။သူများကိစ္စလည်း စိတ်မဝင်စားဘူး။ follow လည်းမလုပ်ဘူး။ လာပြောလည်း နားမထောင်ပါ၊ ပို့စ်တင်တာ၊ shareတာ၊ comment ရေးတာကအစ သတိနဲ့နေထိုင်ပါတယ်။

အချိန်ကုန်မှာစိုးလို့ တခြားအကျိုးရှိတာလေးလုပ်စေချင်လို့ ပို့စ်တင်ပေးလိုက်ပါတယ်နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Christina Kyi

ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ ‘’ထာဝရနှောင်ကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသနိုင်ဖို့အတွက် ဆင်ဆာကျပြီလို့ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီနောက် ခင်သဇင်၊ ဂျူးဂျူးကေ၊ မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။

Photo: Christina Kyi

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က