ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ်ခဲ့တာပါ။

ခင်သဇင်တစ်ယောက် ပြင်းထန်စွာနေမကောင်းဖြစ်နေတာကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်. လက်ရှိမှာလည်း သူမက လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်နေသူဖြစ်ပါတယ်.

Photo: ခင်သဇင်



သရုပ်ဆောင် ခင်သဇင်တစ်ယောက် ပြင်းထန်စွာ ဖျားနာနေတဲ့အတွက် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်. သူမဟာ လက်ရှိမှာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်သလို ဟာသသရုပ်ဆောင် ကစ်ကစ် ရဲ့ ကျန်းမာရေး အခြေအနေကိုပါ စောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်.

''ခင်သဇင် ပြင်းထန်စွာ ဖျားနာမှုကြောင့် ဆေးရုံဒီနေ့ပဲအရေးပေါ်တင်လိုက်ရပါပြီ. ဖျားနေတဲ့ကြားက တစ်နေ့ကရယ် မနေ့ကရယ် ရိုက်ကူးရေးတွေ သွားလိုက်ရတဲ့ အတွက် ဖျားတာရှည်ပြီး အရေးပေါ်တင်လိုက်ရတာဖြစ်ပါတယ်.ဆေးရုံတက်နေစဉ် ကာလ အတွင်း လူမှုရေးနှင့် တခြားလုပ်ငန်းပျက်ကွက်ခဲ့မှုများရှိပါက ခင်သဇင့်အစား ဒီစာလေးနဲ့ သူ့မိသားစုမှတင်ကြိုတောင်းပန်ပါတယ်မေးမြန်းချင်တာများရှိခဲ့ရင်အစ်မဖြစ်သူ မသီရိတင်သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.

photo: ခင်သဇင်

သရုပ်ဆောင် ခင်သဇင်က ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် နှစ်ပတ်တစ်ကြိမ် ကျောက်ကပ်ဆေးပေး နေတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကိုယ်ဖိ ရင်ဖိ ပြုစုပေးနေတာကြောင့် ကျောက်ကပ် ခွဲစိတ်ဖို့အတွက် အလှူရှင် ရှာမယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မကစ်ရဲ့ ရောဂါကို တစ်ခါတည်းပဲ အစားထိုးကုသလိုက်တော့မယ်လို့ သဇင် စဉ်းစားထားတယ်။ အလှူရှင်က ဘီသွေး ဖြစ်ဖို့လိုပါတယ်။ အသက် ၂၅ ကနေ ၄၀ ကြား အမျိုးသမီးကို ဦးစားပေးပါမယ်။ ဘာရောဂါအခံမှ မရှိရပါဘူး။ ဘီပိုး၊ စီပိုးလည်း မရှိရပါဘူး သေချာတယ်ဆိုရင် တော့ Khin Thazin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဆက်သွယ်ပေးပါ'' လို့ ဆိုပါတယ်။


Photo: ခင်သဇင်

ခင်သဇင်ဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ပြီးတဲ့ အချိန်မှာ ကစ်ကစ်ကို ပြုစုပေးနေတယ်လို့ သိရပါတယ်။ ကစ်ကစ်ရဲ့ အသက်ကိုလည်း ရအောင်ကယ်တင်မယ်လို့ သူက ဆိုပါတယ်။

'' သဇင် ကူညီမယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် သဇင့်ဆုံးဖြတ်ချက်ကို သဇင်မပြင်နိုင်ပါဘူး။ အဲ့ဒီအတွက် ဘယ်လိုပဲ ဖြစ်နေ၊ ဖြစ်နေ မကစ်ရဲ့ အသက်ကို ရအောင်ကယ်သွားမယ်လို့ သဇင်ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့်လည်း စိတ်ရော ကိုယ်ပါ နှစ်ပြီးတော့ လုပ်ပေးနေ တာဖြစ်ပါတယ်'' ဆက်လက်ပြောပြလာပါတယ်။

Photo: ခင်သဇင်

ခင်သဇင်ဟာ ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပြီး '' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က