Poll နှစ်ခုနဲ့ ယှဉ်ပြထားပါတယ်။

စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်အခွေကိုတော့ ပရိသတ်တွေက မူရင်းအခွေကို ကိုယ်တိုင်ဝယ်ယူအားပေးမယ်လို့ဆိုပါတယ်။ ဒါပေမယ့် Downlode ဆွဲမယ့် ပရိသတ်တွေကလည်း ရှိပါသေးတယ်။

Photo: Thein Than Oo

စိုင်းစိုင်းခမ်းလှိုင်က သူရဲ့ အခွေကို ပရိသတ်တွေ ဘယ်လို အားပေးကြမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာလည်း အခွေ တစ်ခွေထွက်ဖို့ ရင်းနှီးရတဲ့ ဈေးနှုန်းကလည်း မသက်သာဘူးလို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ Muisc Video ရိုက်ကူးစားရိတ်ဟာ အခုဆို တစ်ပုဒ်ရိုက်ရင် အနည်းဆုံး သိန်း ၇၀ ကနေ ၁၀၀ ကျပါတယ်။ Album တစ်ခုလုံးဆိုရင် အနည်းဆုံး သိန်း ၁၀၀၀ လောက်ရှိမှ ဖြစ်မယ်။ ကျွန်တော် တစ်ခွေကို ၅၀၀၀ ကျပ်နဲ့ ရောင်းမယ်ဆိုပါစို့။ ( အခု ကြေးအိုးတစ်ပွဲ ၅၂၀၀ ကျပ်ခေတ်မှာ ) အနည်းဆုံး ပရိသတ် ၂၀၀၀၀ ဝယ်မှ အရင်းကြေမယ်လို့ အကြမ်းဖျဉ်းတွက်ကြည့်နေတာ  ဒါတောင် marketing ကြော်ငြာခတွေ ဘာမှမပါသေးဘူး။ ဒါဆိုမရိုက်ရတော့ဘူးလား။ ပရိသတ် ၂၀၀၀၀ က အခွေဝယ်ယူ အားပေးမယ်ဆိုရင်တော့ ဆက်ရိုက်နိုင်မယ်ထင်ပါတယ်ကဲ ဖြေပေးပါ SAISAI အခွေကို’’ ဆိုပြီးတော့  free down မယ် share မယ် ဆိုတဲ့ စာသား နဲ့  အခွေဝယ်ပြီး အားပေးမယ် ဆိုတဲ့ စာသားတို့ကို’’ ဇွန်လ၂၈ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Poll ၂ ခုနဲ့ယှဉ်တွဲပြသခဲ့ပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ အခွေဝယ်ပြီး အားပေးမယ်ဆိုတဲ့ Poll မှာ ပိုပြီး အားသာနေကြတာကို တွေ့ရပါတယ်။  စိုင်းစိုင်းဟာ တစ်ကိုယ်တော်အခွေပေါင်းများစွာ ထွက်ရှိခဲ့ပြီးသူ တစ်ယောက်ပါ။ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကိုလည်း တစ်နှစ်တစ်ခါ အဆက်မပြတ် လုပ်ဆောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းကို အမြဲတမ်းချစ်၊ အမြဲတမ်း အားပေးလျှက်ရှိကြပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်း (Sai Sai Kham Leng)ဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က