အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေပါပြီတဲ့။

အဆိုတော် ချစ်ကောင်းရဲ့သား၊ အဆိုတော် အိမ့်ချစ်ရဲ့ မောင်လေး ဂျူနီယာချစ်ကောင်းကတော့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအခွေကိုလည်း ပရိသတ်တွေဆီ အရောက်ပို့ပေးဖို့ ကြိုးစားနေပြီတဲ့။

Photo: Pyae Phyo Paing

အဆိုတော် ချစ်ကောင်းရဲ့ ဂီတမျိုးဆက်သစ် တစ်ယောက်ဖြစ်လာဦးမယ့် ဂျူနီယာချစ်ကောင်းက တစ်ကိုယ်တော်သီချင်းအခွေ ထွက်လာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သီချင်းကောင်းလေးတွေဖြစ်ဖို့ကိုလည်း သေသေချာချာ အချိန်ယူနေပါတယ်တဲ့။

‘’Junior လေးမပျောက်ပါဘူးနော်။ အခွေထွက်နိုင်ဖို့အရေး ကြိုးစားနေပါတယ်။ အားပေးနေတဲ့ပရိတ်သတ် တွေအကောင်းဆုံးတွေနားထောင်ရဖို့ အချိန်ယူပြင်ဆင်နေပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ချစ်ကောင်း၊ အိမ့်ချစ်တို့ကို အားပေးတဲ့ပရိသတ်တွေကလည်း ဂျူနီယာချစ်ကောင်းရဲ့ သီချင်းတွေကို နားထောင်ချင်နေပြီလို့ Comment ကနေတဆင့် ရေးသားခဲ့ကြ ပါတယ်။

Photo: Pyae Phyo Paing

အခုဆိုရင်တော့ ဂျူနီယာချစ်ကောင်းဟာ ဖခင်ဖြစ်သူ အဆိုတော်ချစ်ကောင်းရဲ့ သီချင်းတွေကိုလည်း Cover Song အဖြစ် ပြန်လည်သီဆိုနေတာ ဖြစ်ပါတယ်။ ဖခင်လိုပဲ ပရိသတ်အားပေးမှု များစွာရရှိခဲ့တာကြောင့် အစ်မဖြစ်သူ အိမ့်ချစ်က မောင်လေးအတွက် ဂုဏ်ယူတဲ့အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

‘’အဖေ့သီချင်းတွေထဲက ကိုယ်သိပ်ကြိုက်တဲ့သီချင်းလေး။ ယောကျာ်းလေးဖက်က စာသားတွေနဲ့မို့ ကိုယ်ပြန်မဆိုခဲ့ရတာ ခု junior လေးကိုဆိုခိုင်းလိုက်တာ အရမ်းကိုမှန်သွားတယ်။ သူနဲ့လိုက်တယ်လို့ခံစားရတယ်။ Guide လည်း မလုပ်ပေးပဲ သူတတ်သလိုလေးဆိုထားတာ Perfect မဖြစ်ပေမယ်လို့ အဆင်ပြေတယ်လို့ ခံစားရတယ်။ Music Video လေးလည်း သူ့ဟာသူစီစဉ်ပြီးရိုက်ရှာတယ်။ အောင်မြင်ပါစေ ကြိုးစားတဲ့ ငါ့မောင်လေး’’ ဆိုပြီးတော့ ရေးသားခဲ့တာပါ။

Photo: Pyae Phyo Paing

ဂျူနီယာချစ်ကောင်းကိုတော့ ပရိသတ်တွေက အဆိုတော် ချစ်ကောင်းရဲ့ သား၊ အဆိုတော် အိမ့်ချစ်ရဲ့ မောင်လေး အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း အင်မတန်မှ ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Cover Song တွေ ဆိုရင်းနဲ့သာ ပရိသတ်အရှေ့ကို ရောက်ရှိနေတတ်တာပါ။ အစ်မဖြစ်သူ အိမ့်ချစ်နဲ့ ဖခင်ဖြစ်သူ ဦးချစ်ကောင်းတို့ရဲ့ "၅၂၈" ဆိုတဲ့ ဂီတ ဖျော်ဖြေပွဲမှာ ဂျူနီယာချစ်ကောင်းကို ပွဲထုတ်ခဲ့လို့ သူ့ကို အားပေးတဲ့ ပရိသတ်က အခိုင်အမာ ရရှိလာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က