ဒီနေ့က မိုးအောင်ရင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ပြည်သူချစ်သရုပ်ဆောင် မင်းသားချောလေး မိုးအောင်ရင်ရဲ့ မွေးနေ့ကတော့ ဒီနေ့(သြဂုတ်လ ၁၃) ရက်နေ့ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်ကတော့ သားလေးကို ကလေးလေးတုန်းကအတိုင်း ချစ်နေတယ်လို့ ဆိုပါတယ်။

Photo: Aung Yin



သြဂုတ်လ ၁၃ ရက်နေ့ကတော့ မိုးအောင်ရင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အတွက် ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်က ရင်ထဲက လာတဲ့ ပီတိစကားတွေနဲ့ မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။

‘’Happy Birthday my son lay အသက် ၁ နှစ်ပိုကြီးလာပေမယ့် အဖေနဲ့အမေ စိတ်ထဲမှာတော့ သားငယ်ငယ်လေးတုန်းက ချစ်ခဲ့သလိုအခုလည်းချစ်နေတုန်းပဲသားရေ။ စိတ်ချမ်းသာကိုယ်ကျန်းမာအမြဲရှိပါစေ။ ချစ်တဲ့ ဖေဖေနဲ့မေမေ’’  ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မိုးအောင်ရင် ကလေးလေး တုန်းက အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းစကားဆိုခဲ့တာပါ။ 

Photo: Aung Yin

မိုးအောင်ရင်ကိုတော့ ပရိသတ်တွေက အဆိုတော်ကြီး ဦးအောင်ရင်ရဲ့ သားအဖြစ် ပရိသတ်တွေ စတင်သိရှိလာတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။ တီဗီကြော်ငြာတွေမှာလည်း မပါမဖြစ် မင်းသားချောလေး တစ်ယောက်ပါပဲ။ သူဟာ ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့တာဖြစ်ပါတယ်။

Photo: Aung Yin

အောင်ရင်ရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တော်အခွေ ၁၅ ခွေ ထွက်ရှိပြီးသား အဆိုတော် တစ်ယောက်ပါ။ အရပ်မြင့်မြင့်အသားဖြူဖြူ ခပ်ချောချောဆိုတော့ တစ်ခေတ်တစ်ခါက မိန်းကလေးတွေရဲ့ အချစ်ကို အများကြီး ပိုင်ဆိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့တာပါ။

Photo: Aung Yin

အောင်ရင်ဟာမြန်မာနိုင်ငံအလည်အပတ်ရောက်ရှိခဲ့စဉ်က၂၀၁၆ခုနှစ် အောက်တိုဘာ(၂၂) ရက်နေ့ကလည်း သူ့ရဲ့ "Aung Yin 32"ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာလည်း Single Song တွေအများကြီး ထွက်ရှိခဲ့တာပါ။ သူဟာ သားတစ်ယောက် သမီး တစ်ယောက်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။သားဖြစ်သူ မိုးအောင်ရင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိနေသူတစ်ယောက်ပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က