ပုံတွေအောက်မှာ sad react တွေ မပေးကြပါနဲ့။

ယွန်းဝတီလွင်မိုးက တစ်ဦးတည်းသော သားလေးဖြစ်သူ Liam နဲ့ ပတ်သက်တဲ့ ခံစားချက်ကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်. အဲ့ဒီနောက် သူမတို့ မိသားစုလေး အကြောင်းကိုလည်း အခုလို ပြောပြထားပါတယ်.

Photo: ယွန်းဝတီလွင်မိုး



ယွန်းဝတီလွင်မိုးဟာ သားလေးနဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်. အဲ့ဒီနောက် သားလေး Liam ပုံတွေ အောက်မှာလည်း sad react မပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်.

'' သားသားလေးပါတဲ့ ပုံတွေမှာ sad react မပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီ ၄၁ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ခဲ့တာဖြစ်ပါတယ်. ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam (ခေါ်)လွင်ထက် ဟာ အခုဆိုရင် လသားအရွယ်သာ ရှိပါသေးတယ်. ချစ်စရာကောင်းလွန်းတာကြောင့်လည်း မေမေ ယွန်းဝတီကို ချစ်တဲ့ ပရိသတ်တွေက သားသားကိုလည်း အချစ်ပိုခဲ့ကြပါသေးတယ်.

Photo: ယွန်းဝတီလွင်မိုး

သရုပ်ဆောင် ယွန်းဝတီလွင်မိုး က သူ့ရဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးအကြောင်းကို ပြောပြထားပါတယ်။ သူမဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ခွင့် ရလာချိန်မှာတော့ ရင့်ကျက်မှုတွေ ရှိလာပြီဆိုတာကို မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ညီမက ကိုယ်ဝန်မရခင် ၆ လလောက်ကတည်းက ယောကျ်ားနဲ့ စေ့စပ်ထားတာ အစကတည်းက စိတ်ကို အဆင်သင့်ဖြစ်အောင် လုပ်ထား တယ်။ ရင့်ရင့်ကျက်ကျက်နေရတော့မယ် ငါ အသက် ၂၀ လည်းပြည့်ပြီ အခု ကလေးလည်းရှိလာပြီဆိုတော့ အရာရာက ကလေးအတွက် စဉ်းစားတယ်။ အဲ့ဒီတော့ စိတ်ကလည်း အလိုလို ရင့်ကျက်သွားတယ်'' လို့ ဆိုပါတယ်။

Photo: ယွန်းဝတီလွင်မိုး

သူမကိုတော့ အသက်ငယ်ငယ်နဲ့ လက်ထပ်ပြီး ကလေးယူတယ်လို့ ဝေဖန်ကြတဲ့ ပရိသတ်တွေကိုလည်း ယွန်းဝတီလွင်မိုးက အခုလို တုံ့ပြန် စကား ပြောခဲ့ပါတယ်။ ကလေးယူဖြစ်တဲ့အကြောင်းကိုလည်း Hearty Heart တစ်နှစ်ပြည့် ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ကလေးရသွားပြီဆိုတာ ညီမရဲ့ တာဝန်ဖြစ်သွားပြီ ဒီတော့ ညီမ ဒီကလေးကို မွေးမယ်။ ယောကျ်ားနဲ့ စေ့စပ်ပြီးသွားတာက ၆ လလောက်ရှိပြီ ဆိုတော့ ယူလိုက်မယ်။ ဒါက ကိုယ်ဝန်ရလို့ ယူလိုက်တယ် လို့ ထင်ကြတယ်။ တကယ်ချစ်လို့ ယူတယ်။ ကိုယ်ဝန်ရကတည်းက ယောကျ်ားနဲ့ သေချာဆွေးနွေးတယ်၊ သူကိုယ်တိုင်ကလည်း မိသားစုတစ်စုဖြစ်အောင် တည်ဆောက်မယ်ပေါ့'' လို့ ဆိုပါတယ်။

Photo: ယွန်းဝတီလွင်မိုး

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က