Sabal Thwin

နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ရဲ့ ၃ လပြည့် မွေးနေ့မှာ မိသားစုနဲ့အတူတူ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ သားလေးကိုတော့ ၂၀၁၉ ခုနှစ် ဧပြီလ အတွင်းမှာ မွေးဖွားခဲ့တာပါ။

Photo: Nan Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ဇူလိုင်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သားလေး Jack Jack ရဲ့ မွေးနေ့မှာ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးမှာ ကုသိုလ်ကောင်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’သားသားလေး၃လပြည့် မဟာမြတ်မုနိဘုရားကြီးရဲ့မျက်နှာသစ်တော်ရေနဲ့သုတ်ပုဝါရရှိ မေ့ချစ်သားလေးက ဘုရားမှာငြိမ်နေတာပဲ ချစ်လို့လဲမဝပါဘူးကွယ်။ သားသားလေးမျက်နှာမြင်ချစ်ခင်ပါစေနော်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သားလေး Jack Jack အတွက်ကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် မွေးနေ့ဆုတောင်းစကား ပြောခဲ့ကြပါသေးတယ်။

Photo: Nan Myat Phyo Thin

နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ကို ၂၀၁၉ ခုနှစ် ဧပြ့ီလ ၁၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာတော့ သူမအတွက် ပြောင်းလဲမှုတွေက အများကြီးရှိလာပြီလို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။ အခုလက်ရှိမှာတော့ သားလေးအနားမှာ နေရတဲ့အချိန်က အပျော်ဆုံးပါပဲတဲ့။

‘’စိတ်ရယ်၊ အချိန်ရယ်ပေါ့။ စိတ်က လုံးဝပြောင်းသွားတယ်။ အချိန်ဆိုရင်လည်း ကိုယ့်အတွက် အချိန်ဆိုတာ မရှိတော့ဘူး။ သူ့အချိန်ပဲ ဖြစ်သွားတယ်။ အနုပညာအလုပ်တွေကတော့ နားထားတယ်။ ပထမကတော့ ကလေးမွေးပြီးသွားရင် အနုပညာအလုပ်တွေ အမြန်ဆုံးပြန်လုပ်နိုင်အောင်ကြိုးစား မယ်ပေါ့။ အခုကျတော့ သားလေးအနားမှာနေပြီး သူ့မျက်နှာလေး မြင်နေရရင်ကို ပျော်နေတာ သားလေးအနားမှာ တစ်ဝကြီးနေလိုက်ဦးမယ်’’ လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Nan Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။

Photo: Nan Myat Phyo Thin

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က