မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

စင်ရော်မောင်မောင်က သားလေး မင်းသန့်မောင်မောင်ရဲ့ ကျန်းမာရေးကို အထူးကုဆရာဝန်ကြီးတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်တဲ့။ မင်းသန့်မောင်မောင်ဟာ အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့သူပါ။

Photo: Zin Yaw Mg Mg



ဒါရိုက်တာ စင်ရော်မောင်မောင်က သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ကျန်းမာရေးအတွက် ဂရုတစိုက် စစ်ဆေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ မင်းသန့်က အခုဆိုရင် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။

‘’Professor Dr Soe Tin check to min thant ! နား၊ နှာခေါင်း၊ လည်ပင်းကို ဆရာဝန်ကြီး စစ်ဆေးကြည့်ရူ သားသားကို အကုန် check ပစ်လိုက်တယ်။ နိုင်ငံခြားမှာ 3 နှစ် ရှိပြီဆိုတော့လေ’’ လို့ မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါတယ်။

Photo: Zin Yaw Mg Mg

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကို ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ အတူ လုပ်ကိုင်နေပြီလို့ သိရပါတယ်။

Photo: Zin Yaw Mg Mg

မင်းသန့်မောင်မောင်က ဘွဲ့မယူခင်အချိန် New York Film Academy မှ Final Thesis အတွက် Short Film လာရောက် ရိုက်ကူးခဲ့ပါသေးတယ်။ ယင်း Short Film ကို "Look At Me" လို့နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီ Film ဟာ ကွဲကွာနေတဲ့ မိဘတွေကြားထဲမှာ သူကျင်လည်ရတဲ့ ခံစားချက်ကို ပုံဖော်ရိုက်ကူးထားပါတယ်။ မင်းသန့်မောင်မောင်ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Photo: Zin Yaw Mg Mg

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က