မေမေ့ အင်္ကျီလေးကို ကိုင်ပြီး အိပ်လေရဲ့။
Sabal Thwin

ဆုပန်ထွာဟာ သူမရှိတဲ့အချိန်မှာ သားလေးက သူ့ အင်္ကျီကို ကိုင်ပြီး အိပ်နေတာကြောင့် မျက်ရည်ကျမတတ် ဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဖေဖေ နဲ့ တူတဲ့ သားသားရဲ့ အကျင့်လေးပါတဲ့။

Photo: Su Pan Htwar

ဆုပန်ထွာတစ်ယောက် အခုဆိုရင်ပရဟိတအလုပ်ကိစ္စနဲ့ မန္တလေးကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် သားလေး Roar Kyaw က မေမေ့ရဲ့ အင်္ကျီလေးကို ရင်ခွင်ထဲပိုက်ပြီး အိပ်နေတဲ့ ဓာတ်ပုံလေးကြောင့် အံ့သြဝမ်းသာခဲ့ရတယ်လို့ ဆုပန်ထွာက ပြောပါတယ်။

‘’ဖအေနဲ့တစ်ပုံစံတည်း၊တစ် ထေရာတည်းတူနေတတ်တဲ့သား။ သူ့ဒယ်ဒယ်က သူမမွေးခင်က တည်းက ကိုယ်နဲ့ခဏများခွဲရပြီဆို မိန်းမအိန်းကျႌလေး ယူယူပြီးကိုင်ကိုင်အိပ်တတ်တာ သူ့အဖေအကျင့်၊ သားမွေးလာတော့လည်း သားနဲ့ခဏခွဲရပြီဆို သူ့သားအကျႌ ခရီးသွားရင် ယူယူလာပြီး ကိုင်ကိုင်အိပ်တာအကျင့်။ အခု သူ့ဒယ်ဒယ်က ကိုယ်ခရီးသွားတော့ သူ့သားကိုယ့်အကျႌလေးကိုင်ပြီးအိပ်တယ်တဲ့ Viber ကနေပို့လာတယ်။ ကိုယ် မျက်ရည်လေးတောင်ဝိုင်းသွားတယ်’’ ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo: Su Pan Htwar

အဲဒီနောက် သူ့ရဲ့ အကျီၤလေးကို ကိုင်ပြီး အိပ်နေတဲ့ သားလေးရဲ့ ဓာတ်ပုံတွေကိုလည်း အမှတ်တရ တင်ခဲ့ပါသေးတယ်။ သားလေးဟာ ခင်ပွန်းဖြစ်သူရဲ့ အကျင့်စရိုက်လေးတွေနဲ့ တူတူလာလို့ ပိုပြီးတော့တောင် အချစ်ပိုရပါတယ်တဲ့။

"သားလေးရယ်။ မာမား ချစ်တယ်နော်။ သူ့ဒယ်ဒယ်အကျင့်လေးနဲ့တူလို့ ပိုချစ်ရပါတယ်။

ဒီလိုလုပ်ရမယ်သူဘယ်လိုသိလည်းမသိ။ သူ့ဒယ်ဒယ်တောင်အံ့သြလို့။ ဒီသားအဖ ကိုယ့်ကိုချစ်တတ်လာအောင်၊ကြင်နာတတ်လာအောင်၊ နွေးထွေးတဲ့မေတ္တာတွေနဲ့ သိပ်လုပ်တဲ့သားအဖ။ ချစ်တယ် ဒယ်ဒယ်နဲ့သားရယ်။ မိသားစုဆိုတဲ့နွေးထွေး တဲ့အေးချမ်းတဲ့မေတ္တာတရားလေးနဲ့နေခွင့်ပေးတဲ့ ဒယ်ဒယ်နဲ့သာကို သေလောက်အောင်ချစ်တယ်" လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Su Pan Htwar

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။


Photo: Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။


က္က