Sabal Thwin

ပိုးအိအိခန့်က သားလေးက ခင်ပွန်းဖြစ်သူ နာမည်ကျော် ဘောလုံးအားကစားသမား အောင်သူနဲ့ တူတယ်လို့ ဆိုပါတယ်။ သူမရဲ့ သားလေးကိုလည်း ပရိသတ်တွေအားလုံးက အချစ်ပိုလို့နေပါတယ်။

Photo: Poe Ei Ei Khant

သရုပ်ဆောင် ပိုးအိအိခန့်ကတော့ ခင်ပွန်းနဲ့တူတဲ့ သားလေးကို မွေးဖွားခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမဟာ ဇူလိုင်လ ၁၉ ရက်နေ့က ပထမဆုံးရင်သွေးလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။

‘’Luv you too my husband, ဖောင်းကတော့ ကိုနဲ့တူတဲ့သားလေး မွေးပေးနိုင်လို့ အရမ်းပျော်နေပါတယ်ရှင်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ခင်ပွန်းဖြစ်သူ နာမည်ကျော်ဘောလုံးအားကစားသမား အောင်သူကလည်း သားလေးကို မွေးပေးတဲ့ ချစ်ဇနီးချောလေးကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ရေးထားတဲ့ Post လေးကိုလည်း ပိုးအိအိခန့်က Share လုပ်ရင်း အခုလို ရေးသားခဲ့တာပါ။ သူတို့ ဇနီးမောင်နှံကို ချစ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ်တွေကလည်း သားလေးအပေါ် အချစ်တွေ ပိုခဲ့ကြတာ တွေ့ရပါတယ်။

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။

Photo: Poe Ei Ei Khant

Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ်။ အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က