ရွှေပိုင်လေးအတွက် အချိန်ပေးနေပါတယ်တဲ့။
ဇော်ပိုင်က သီချင်းဆိုမယ့်ရက် မရှိခင် အချိန်မှာတော့ သားလေးအတွက် အချိန်ပေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အားလပ် ရက် မှာတော့ သားလေး ကြိုက်တဲ့ အစားအသောက်ကို ကိုယ်တိုင်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

Photo: ဇော်ပိုင်ဖေ့ဘွတ်

 

ဇော်ပိုင်က ဖျော်ဖြေရေးခရီးစဉ်တွေ မရှိလို့ သားလေးအတွက် အချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ ရွှေပိုင်လေးက သူစားချင်တဲ့ အစားအစာဆိုရင် ဖေဖေ ဇော်ပိုင် လုပ်ပေးမှ စားတယ် ဆိုပြီးတော့ ဇော်ပိုင်က စနောက် ပြောပြထားပါတယ်။ လိမ္မာတဲ့ သားလေး ရွှေပိုင်ရဲ့ အကြိုက်ကိုတော့ ဖေဖေ ရော၊ မေမေ ရော လိုက်လုပ်ပေးလေ့ရှိပါတယ်။

'' ရွှေပိုင်ကြိုက်တဲ့ fish pasta ကျွန်တော်လုပ်ပေးမှရတာ'' ဆိုပြီးတော့သားအဖ နှစ်ယောက်နဲ့ အတူ ငါးပါစတာ လုပ်နေတဲ့ ပုံတွေကို ဇော်ပိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။ ရွှေပိုင်ကနေ ငယ်ငယ်ကတည်းကနေ အခု ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

ရွှေပိုင်လေးရဲ့ ထူးခြားတဲ့ ဝါသနာအကြောင်းပြောလာတဲ့ ဇော်ပိုင်

ရွှွေပိုင်လေးရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးတွေက ဆံပင်ကောက်တာ၊ နှုတ်ခမ်းထော်တာ၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာဝိုင်းဝိုင်း လေးတွေ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေက သူ့ရဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါပဲ။ ဒီလိုအရာလေးတွေကလည်း မိဘ နှစ်ပါးစလုံးရဲ့ အလှအပတွေကို စုပေါင်းထားသလိုပါပဲ။

Photo: ဇော်ပိုင်ဖေ့ဘွတ်

 

ငယ်ငယ်လေးကတည်းက ကလေးပစ္စည်းကြော်ငြာတွေမှာမပါမဖြစ် သရုပ်ဆောင်ရတတ်တဲ့ ရွှွေပိုင်လေးကတော့ လက်ရှိမှာလည်း ကြော်ငြာ တွေရိုက်ကူးနေရတုန်းပါပဲလို့ ဇော်ပိုင်က ပြောပါတယ်။ သူတို့ ဇနီးမောင်နှံကလည်း သားလေးအတွက် အချိန်ပေးတာနည်းလို့ အားလပ်ချိန် တိုင်း သားလေး အနားက ကိုမခွာတော့ဘူးလို့ ဆိုပါတယ်။

'' သားလေးအနေနဲ့ သူကြော်ငြာရိုက်ထားတာလေးတွေလည်းရှိတယ်။ အခုလည်း ရိုက်ဖြစ်နေပါတယ်။ ကျွန်တော် တို့ လင်မယားနှစ်ယောက် စလုံးက ခရီးတွေ ထွက်ရတာဆိုတော့ တစ်ခါတလေ သူ့အတွက် အချိန်ပေးတာ အရမ်းနည်းတယ်။ ရတဲ့ အချိန်မှာလည်း သူနဲ့ အတူ သွားတယ်၊ စားတယ်။ သူ့ အနားမှာပဲ တစ်ချိန်လုံး ရှိနေတတ်ကြပါတယ်'' လို့ သူကဆိုပါတယ်။

 

အဆိုတော်ဇော်ပိုင်ရဲ့ သားဖြစ်သူ ရွှေပိုင်ကတော့ အခုဆိုရင် အသက် ၆ နှစ်ကျော်ခဲ့ပါပြီ။ ကျောင်းတက်နေတဲ့ အရွယ်မှာတော့ ရွှေပိုင်လေးက စာဖတ်တဲ့ ဝါသနာကိုတော့ ထူးထူးခြားခြားတွေ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စာပေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်လေးတွေ အကြောင်းကိုလည်း စိတ်ဝင်စားသေးတယ်လို့ ဇော်ပိုင်က Duwun Media ရဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က