ကျန်းမာစွာ ရှိနေပေးလို့ ပျော်ရတယ်လို့ဆိုပါတယ်။
Sabal Thwin

မိုးဟေကိုဟာ မိဘကို အရမ်းချစ်တတ်သူတစ်ယောက်ဖြစ်သလို အဖေများနေ့မှာလည်း ဖခင်ဖြစ်သူအတွက် သူမရင်ထဲက စကားတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Moe Hay Ko

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ကတော့ အဖေများနေ့ ဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင် မိုးဟေကို ကလည်း သူမရဲ့ ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရစကားတွေကို အခုလို ပြောပြလာပါတယ်။

" အဖေ။ မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ၊ ဒီနေ့ဒီအချိန်အထိ မမောမပန်းမငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ၊ မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်" ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Moe Hay Ko

မိုးဟေကိုဟာ မိဘကို အရမ်းချစ်တဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ သူမ ကြိုးစားသမျှ အရာတိုင်းဟာ မိဘတွေအတွက် ဖြစ်တယ်ဆိုတာကိုလည်း အခုလို ပြောပြလာပါတယ်။ 

"မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ။ သားသမီးတွေကို သူတို့ဘဝနဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံတပ်ပေးတဲ့ ပဲ့ကိုင်ရှင်တွေပါ။ မိုးအတွက်ကတော့ အမေများနေ့၊ အဖေများနေ့ ဆိုတာသတ်မှတ်ရက်မှ ရှိတာမဟုတ်ပါဘူး။ မိုးအမြဲ ဦးထိပ်ထား၊ လေးစားရိုသေ တန်ဖိုးထားရတဲ့ မိဘနှစ်ပါးအတွက် မိုးရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ကြိုးစားမှုစတဲ့ အချိန်တိုင်းဟာ အဖေ့အတွက်နေ့တွေပါပဲ" ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: RBV

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က