အမေက လည်ပင်းခွဲထားတာ ၅ နှစ်ကျော်ပါပြီ။

လည်ပင်းခွဲထားရတာ ၅ နှစ်ကျော်ပြီဖြစ်တဲ့ အမေဒေါ်ခင်မေသက်အတွက် အိစိကွေးနဲ့ သူငယ်ချင်းတွေက ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ခင်မေသက်ကတော့ အဖြူအမဲရုပ်ရှင်ခေတ်ကတည်းက နာမည်ကျော်မင်းသမီးကြီး တစ်ယောက်ဖြစ်ပါတယ်။

Photo: Eisi kway



အိစိကွေးကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်သရုပ်ဆောင်ကြီး အမေ ဒေါ်ခင်မေသက်ကို တတ်နိုင်တဲ့ ဆေးဖိုးဝါးခလေး သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ သူနဲ့ အတူ ပိုင်အုပ်စိုးအောင်နဲ့ ပိုင်ဇင်မင်းလတ် တို့လည်း ပါဝင်ခဲ့ပါတယ်တဲ့။

‘’ အမေ ခင်မေသက် ကို သူငယ်ချင်းတွေစုပြီး သွားရောက်လှူဒါန်းဖြစ်ပါတယ်။ ငယ်ငယ်က အတူတူရိုက်ခဲ့ကြတဲ့အမှတ်တရတွေ ပြန်ပြောကြပြီး ပျော်ရွှင်နေတဲ့ အမေ့ကို ကြည့်ရင်း ပီတိတွေဖြစ်ခဲ့ရပါတယ်။ အမေ နေအမြန်ပြန်ကောင်းပြီး TV ပေါ်မှာ ပြန်တွေ့ချင်ပါတယ်။ ဆုတောင်းပေးပါတယ် နေအမြန်ပြန်ကောင်းပါစေ အမေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Eisi kway

ဒေါ်ခင်မေသက် (Daw Khin May Thet)ကတော့ လက်ရှိ ကျန်းမာရေးအခြေအနေကတော့ လည်ပင်းခွဲထားတာ ၅ နှစ်ကျော်ပြီလို့ သိရပါတယ်။ သူမရဲ့ အနုပညာသက်တမ်း ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ အဖြူအမဲ ရုပ်ရှင်ခေတ်ကာလမှာကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့တာပါ။  ‘’သံသရာခရီးသည်’’ ရုပ်ရှင်ဇာတ်ကား၊ ‘’ငွေပင်စံ’’ရုပ်ရှင်ဇာတ်ကား၊ ‘’တစ်ကျော့ နှစ်ကျော့’’ ရုပ်ရှင်ဇာတ်ကား တွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ခေါင်းဆောင်မင်း သမီးတစ်ယောက်အဖြစ် ရုပ်ရှင် ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ရသူဖြစ်ပါတယ်။

Photo: Eisi Kway

အိစိကွေးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ လူငယ်သရုပ်ဆောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ပရဟိတ အလုပ်တွေမှာလည်း ငွေအားသာမက လူအားအနေနဲ့ပါ အမြဲတမ်းပါဝင်ဆောင်ရွက်တတ်သူ တစ်ဦးပါ။ ဒါကြောင့် အများအကျိုးကို လိုလားတဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

" မချမ်းသာဘူးဗျာ လိုအပ်လာမယ်ဆိုရင် အဆင်ပြေအောင် ဘယ်နေရာကဖြစ်ဖြစ် ဝင်ကူချင်တဲ့ သူဗျ။ လူထဲက လူဆိုပေမယ့် တန်ဖိုးရှိတဲ့လူဖြစ်ချင်တယ်။ အများကို အကျိုးပြုတဲ့ လူပဲဖြစ်ချင်တယ်။ အကူအညီ လိုအပ်လာ တိုင်း ချက်ချင်းထလုပ်ပေးနိင်တဲ့လူဖြစ်ချင်တယ်။ နိင်ငံနဲ့ ကိုယ့်မိဘ ကို အကျိုးပြုတဲ့ ယောက်ျား ကောင်းဖြစ်ချင်တယ်။ ကျွန်တော့် ကိုဘယ်လောက်ပဲဆိုးတယ်ပြောပြော အဲ့ဒီလိုပြောနေတဲ့လူတွေ လိုအပ်လာမယ်ဆိုရင် တတ်နိင်သလောက် ကူညီပေးချင်တဲ့သူ နောက်ထပ်လည်း လူတိုင်းကို အကျိုးပြုနိင်တဲ့သူဖြစ်အောင် ကြိုးစားနေဦးမယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Chit Chit Zaw

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က