လက်ရှိမှာလည်း အမေရိကမှာ နေထိုင်နေတာဖြစ်ပါတယ်။

ဆောင်းဦးလှိုင်ဟာ ၂၀၁၉ ခုနှစ် မေလ နဲ့ ဇွန်လတွမှော အမေရိက မြို့ကြီး ၈ မြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပသွားမယ့် မြို့ကြီးတွေကိုလည်း အခုလို ပြောပြထားပါတယ်။

Photo: Song Oo Hlaing

အဆိုတော် ဆောင်းဦးလှိုင်က တစ်ကိုယ်တော်ဖျော်ဖြေပွဲ မလုပ်ခဲ့တာ ၁၁ နှစ်ကြာခဲ့ပါပြီ။ အခုဆိုရင်တော့ ၂၀၁၉ ခုနှစ် မေလအတွင်းကစပြီး အမေရိက မြို့ကြီး တွေမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

’မိတ်ဆွေသူငယ်ချင်း၊ ရောင်းရင်းများခင်ဗျာ။ မေလ ၄ ရက်နေ့မှစတင်၍ အမေရိကရှှိ မြို့ကြီးတချို့ တွင်ကျွန်တော့် One Man Show ဖျော်ဖြေပွဲ များ ကျင်းပသွားရန် စီစဉ်ထားပြီးဖြစ်ပါသည်။ (၁၁)နှစ်ကြာ အခကြေးငွေဖြင့် သီဆိုခြင်းမပြုခဲ့၊ မေတ္တာဖြင့် သီဆိုဖြတ်သန်းမှုများအပြီး ယခုပွဲများသည် ကျွန် တော့်ကိုယ်ပိုင်ဝင်ငွေအတွက် သီဆိုရခြင်းဖြစ်ပါသည် အားပေးကြမည် ပံ့ပိုးကြမည်ဟု ယုံကြည်ပါသည်။’’ လို့ ဆိုပါတယ်။

Photo: Song Oo Hlaing

ဆောင်းဦးလှိုင်က ဂီတအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်တာကြောင့် ဖျော်ဖြေပွဲ ကျင်းပစေချင်တဲ့ မြို့တွေကလည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲကြာမြင့်ချိန်ကိုတော့ ၃ နာရီ သတ်မှတ်ထားတယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

‘’သီဆိုမည့်မြို့အတော်များများသည် ပြည်သူ့ဂုဏ်ရည်အဖွဲ့သားများ၏ ကူညီစီစဉ်ပေးမှုကြောင့် ဖြစ်လာရပါသည်။ ပွဲကျင်းပလိုသည့် အခြားမြို့များမှလည်း ဆက်သွယ်နိုင်ကြပါကြောင်း။ သီချင်းအပုဒ်ရေ ၄၀ ခန့် သီဆိုမှာဖြစ်ပြီး ၃ နာရီအကြာ သီဆိုဖျော်ဖြေပါမည်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: Song Oo Hlaing

ဆောင်းဦးလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို မေလ ၅ ရက်နေ့မှာ Kentucky ပြည်နယ် Louisville မြို့ ၊ မေလ ၁၁ ရက်နေ့မှာ Los Angeles မြို့ ၊ မေလ ၁၉ ရက်နေ့မှာ San Francisco ၊ မေလ ၂၅ ရက်နေ့ Chicago မြို့တို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၁ ရက်နေ့မှာတော့ Fort Wayne မြို့၊ ဇွန်လ ၈ ရက်နေ့မှာ Mary land မြို့ ၊ ဇွန်လ ၉ ရက်နေ့မှာ New York မြို့ နဲ့ ဇွန်လ ပထမပတ်(သို့မဟုတ်) ဒုတိယပတ်မှာတော့ Seattle မြို့တို့မှာ သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ 

Photo: Song Oo Hlaing

ဆောင်းဦးလှိုင်(Song Oo Hlaing)ဟာ အခုဆိုရင် ဘော်နီယိုကျွန်းမှာ မိသားစုနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာနိုင်ငံကနေ မိသားစုနဲ့အတူ ပြောင်းရွှေ့သွားတာပါ။ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ ‘’ကမ္ဘာ့စံချိန်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။



က္က