သူမက လက်ရှိမှာတော့ မြန်မာပြည်မှာရှိနေတာပါ။


ပရိသတ်အချစ်တော် ခင်ဘုဏ်းက မြန်မာပြည်မှာ ဂီတအလုပ်တွေ လုပ်ရင်း အမေရိကရဲ့ ဆောင်းရာသီနဲ့ ခင်ပွန်းဖြစ်သူကို လွမ်းလို့နေပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကန်မှာ နေထိုင်တာဖြစ်ပြီး မြန်မာပြည်ကို အလည်ရောက်တဲ့အချိန်မှာတော့ ဂီတအလုပ်တွေ လုပ်လေ့ရှိပါတယ်။

Photo: ခင်ဘုဏ်း

ခင်ဘုဏ်းတစ်ယောက် အမေရိကရဲ့ ဆောင်းရာသီအမှတ်တရလေးတွေကို ပြောပြလာပါတယ်။ အဲဒီနောက် သူ့ရဲ့ ခင်ပွန်းကိုလည်း လွမ်းတဲ့ အကြောင်း ခံစားချက်တွေ ရင်ဖွင့်ပြောပြထားပါတယ်။

‘’ဒီအချိန်ဆို ကျတတ်တဲ့ နှင်းဖြူဖြူလေးတွေရယ်၊ ချစ်သူရယ်၊ နှင်းဖြူဖြူတွေဖုံးနေတဲ့ ကျွန်မရဲ့ ဒုတိယ အိမ်လေးရယ်ကို လွမ်းဆွတ်မိသား။ အအေးဒဏ်ကို မခံနိုင်လို့သာ ဆောင်းခို နေရတယ် နှင်းတွေ ကျတာရပ်တဲ့ အချိန်ပြန်လာမယ်’’ ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်က ခင်ပွန်းဖြစ်သူ Mg Thet ကို Tag တွဲပြီး အလွမ်းသယ်ထားတာ ဖြစ်ပါတယ်။

Photo: Khin Bhone

လက်ရှိမှာလည်း သူမ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ခင်ဘုဏ်းက ပြောပြထားပါတယ်။ ဂီတကို ဝါသနာပါသူ ဖြစ်တာကြောင့်လည်း ခင်ပွန်းဖြစ်သူက ဂီတအလုပ်တွေ ဆက်လုပ်ဖို့ ပံ့ပိုးပေးလျှက်ရှိတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ဖူးပါတယ်။

‘’အေးအေးချမ်းချမ်းလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးနဲ့ပေါ့။ ခင်ဘုဏ်း ဒီကိုပြန်လာရင် သူလိုက်လာတယ်။ ၁ လလောက်သူ လာနေတယ်။ သူက အလုပ်ရှိတဲ့သူဆိုတော့ ပြန်ရတယ်။ အစ်မတို့ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ဂီတအလုပ်လေးတွေလုပ်ဖို့ ပ့ံ့ပိုးပေးတယ်’’ လို့ ချစ်သုဝေရဲ့ ‘’ကတိ’’ တစ်ကိုယ်တော်အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Khin Bhone

ခင်ဘုဏ်းဟာ ဂီတအလုပ်တွေနဲ့ဝေးကွာနေတာ ကြာခဲ့ပါပြီ။ သူမဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အမေရိကမှာ နေထိုင်တာပါ။ လက်ရှိမှာလည်း သူတို့ဇနီးမောင်နှံဟာ ရင်သွေးလေး မယူဖြစ်သေးတဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ဒါကတော့လည်း ကံပေးသလိုပေါ့နော်။ ခင်ဘုဏ်းတို့ အခုထိရင်သွေးလေး မရတဲ့အတွက် နောက်မှရလာရင်လည်း Welcome ပါ။ မရတော့လည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားပါတယ်။ ရင်သွေးလေးရမယ်ဆိုရင်တော့ လိုချင်တယ်။ ဒါပေမယ့် အရမ်းကြီး အသည်းအသန်တော့ မဟုတ်ဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။ 

Photo: Khin Bhone

ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ 



က္က