စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်တဲ့။

အမေစုနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ Project K အဖွဲ့အတွက် ဒီနေ့လေးဟာ ဂုဏ်ယူလို့မဆုံးတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်တဲ့။

Photo : Project K

လူငယ်အဆိုတော် အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဒီနေ့(ဇန်နဝါရီ၂၅ရက်) နံနက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။ အမေစုက နေအိမ်မှာပဲ Project K အဖွဲ့ကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။ အမေစုနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ Project K အဖွဲ့အတွက် ဒီနေ့လေးဟာ ဂုဏ်ယူလို့မဆုံးတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်တဲ့။

ဒီနေ့လေးဟာ Project K အတွက် ဂုဏ်ယူလို့မဆုံးတဲ့ နေ့လေးတစ်နေ့ပါပဲ ကျွန်တော်တို့ကို အနုပညာနဲ့ပတ်သတ်တဲ့ အကြံဉာဏ်ရော စိတ်ဓာတ်ခွန်အားရအောင်ပါ အချိန်ပေးပြီး တွေ့ဆုံပြောကြားပေးသော အမေစုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျ “ ဆိုပြီး Project K အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီ(၂၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : Project K

Project K အဖွဲ့ဟာ အမေစုရဲ့ ချီးကျူးခြင်းခံရတဲ့ လူငယ်အဆိုတော် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။၂၀၁၈ခုုနှစ် ၊ ဒီဇင်ဘာ (၁၄) ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့ပြီး အမေစုကိုယ်တိုင် တက်ရောက်ခဲ့တဲ့ Myanmar Entrepreneurship 2018 ပွဲမှာလည်း သူတို့အဖွဲ့ဟာ သီချင်းများနဲ့ ဖျော်ဖြေခွင့်ရခဲ့ပါသေးတယ်။ အဲ့ဒီပွဲမှာ အမေစုက မိန့်ခွန်းပြောကြားခဲ့စဉ် Project အဖွဲ့ကို အသိအမှတ်ပြု၊ ချီးကျူးစကား ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။

Photo : Project K

“အဲ့ဒီပွဲမှာ အမေစု ချီးကျူးသွားတဲ့အတွက် အရမ်းဝမ်းသာတယ်။ မိန့်ခွန်းပြောတဲ့အချိန်မှာ ချီးကျူးစကား နှစ်ခါတောင် ပြောခဲ့တာ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး ပီတိတွေ ဖြစ်ခဲ့ရတယ်။ အမေစု ကျွန်တော်တို့ကို ပြောခဲ့တာက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရမှာ ကျွန်တော်တို့တာဝန်ပဲ၊ ထိန်းလည်း ထိန်းသိမ်းတယ်။ ထိန်းသိမ်းရုံတင်မကဘူး ခေတ်နဲ့အညီလည်းပြေးတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းပြီးတော့ အနုပညာထဲမှာ ဖန်တီးထားတဲ့အတွက် သူအရမ်းကြိုက်တယ်။ သဘောကျတယ်ဆိုပြီး မိန့်ခွန်းထဲမှာ ပြောခဲ့တာ” လို့ ဒီဇင်ဘာ(၁၄) ရက်နေ့က Shwe FM ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : Project K

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။

Share

Loading Next Article...
က္က