အရမ်းပျော်နေပါတယ်တဲ့။

မော်ဒယ် သရုပ်ဆောင် မေတိုးခိုင်ဟာ အကယ်ဒမီပေးပွဲကြီး ပြီးသွားပေမယ့်လည်း အမှတ်တရ ဖြစ်ရပ်လေးတွေကို ပြန်တွေးပြီး ကြည်နူးလို့ နေပါတယ်။ ရွှေကြို လှလှလေးတွေကို နှစ်တိုင်းငေးနေခဲ့ရတဲ့ သူမဟာ ဒီနှစ်မှာ ရွှေကြို တစ်ယောက်အဖြစ် ပါဝင်ခွင့်ရလို့လည်း အရမ်းကို ပျော်လို့နေပါတယ်။

Photo: မတေိုးခိုင်

အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မေတိုးခိုင်ဟာ ဒီနှစ်ရဲ့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခွင့်ရလို့ ပျော်နေသလို အမေစုနဲ့ မျက်လုံးချင်းဆုံကာ ပြုံးပြခွင့်ရခဲ့တာကိုလည်း ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။

“အကယ်ဒမီရဲ့ ရွှေကြိုအဖြစ် ပါဝင်ခွင့်ရမယ်လို့ မထင်ထားခဲ့ဘူး..ရွှေကြိုလှလှလေးတွေကို နှစ်တိုင်းငေးခဲ့ရတာ..ဒီနှစ်မှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ပိုပြီးအမှတ်တရ ဖြစ်ခဲ့တာက ရုပ်ရှင်တစ်သက်တာစုကို အမေစုလက်ထဲကို ကိုယ်တိုင်ထည့်ခဲ့ရတဲ့ ပီတိ ဘာနဲ့မှ မလဲနိုင်ပါဘူး.. အမေစု ကိုယ်တိုင် ပြုံုးပြ မျက်လုံးချင်းဆုံပြီးကြည့်ခဲ့တာ ဂုဏ်ယူမဆုံးပါ” ဆိုပြီး မတ်လ(၂၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo: မတေိုးခိုင်

အဲဒီနောက် ရုပ်ရှ်တစ်သက်တာဆုကို ရရှိသွားတဲ့ အဘွားဒေါ်မြင့်မြင့်ခင်အတွက်လည်း အရမ်းပျော်ခဲ့ရသလို အရမ်းချစ်ပြီး အားပေးခဲ့ရတဲ့ ဖွေးဖွေးကို ဘေးကန တစ်စိမ့်စိမ့် ကြည့်မဝခဲ့ဘူးလို့ ဆိုပါတယ်။

“ဖူးငယ်ငယ်ထဲက ရုပ်ရှင်တွေကြည့်ရင်ချစ်ခဲ့ရတဲ့ အဘွားဒေါ်မြင့်မြင့်ခင် ထိုက်ထိုက်တန်တန်ရသွားလို့လည်း အရမ်းပျော်ရပါတယ်။ နောက်ပြီး မဖွေး အရမ်းချစ်ပြီး အားပေးရတဲ့ မဖွေးကိုလည်း ဘေးကနေ တစ်စိမ့်စိမ့်ကြည့်မဝပါ။ နောက်ပြီးတော့ဖူးတို့ကို သင်ကြားပြသပေးတဲ့ စေတနာအပြည့်ထားပေးတဲ့ ဦးရန်လေး, အန်တီဆင့်, ဦးချိုကြီး, မမေစံပယ်ကြောင့် စင်ပေါ်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ.. စင်အောက်က သူတို့ကြည့်နေတဲ့ ပီတိအပြုံးက ဘာနဲ့မှမလဲနိုင်ပါ။ အရမ်းလေးစားခဲ့ရတာ ကိုယ့်ရှေ့မှာ မင်းသားမင်းသမီးကြီးဆိုပြီးမနေဘူး တကယ့်တစ်သားထဲလို သင်ပြပေးပါတယ် ပို၍တိုးလို့ လေးစားပြီး ချစ်ခင်ရပါတယ်” ဆိုပြီး အကယ်ဒမီ အမှတ်တရ လေးတွေကို ပြန်ပြောပြထားပါတယ်။

Photo: RBV

၂၀၁၈ခုနှစ် မေလအတွင်းမှာပဲ အသက်(၂၃)နှစ်ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့ ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။ အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း ထောက်ပံ့မှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။



က္က