ဂျူနီယာ ချစ်ကောင်းအတွက် အားပေးစကားဆိုလာပါတယ်။

အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူ အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့ သီချင်းကို ပြန်လည်သီဆိုထားတဲ့ မောင်လေး ဂျူနီယာ ချစ်ကောင်းအတွက် အားပေးစကားတွေ ပြောလာပါတယ်။ 

Photo: Ko Zaw Ko



ဂျူနီယာချစ်ကောင်းကတော့ ဖခင်ဖြစ်တဲ့ အဆိုတော် ချစ်ကောင်းရဲ့ " မမရောဂါ"သီချင်းဟောင်းလေးကို ပြန်လည် သီဆိုထားတာ တွေ့ရပါတယ်။ အဆိုတော် အိမ့်ချစ်ကလည်း သူမနဲ့ ဖခင်ဖြစ်သူကို အားပေးကြသလို မောင်လေးကိုလည်း အားပေးကြဖို့ ပြောပြခဲ့ပါတယ်။ 

" ကဲ Junior ရေ အဖေလို မမတွေကြည်ဖို့ပဲလိုတော့တယ်။ ပရိတ်သတ်တွေလဲ ဦးချစ်ကောင်းပေါက်စလေးရဲ့ပြန်လည်အသက်သွင်းဖန်တီးမှုကို ၁၅ ရက်နေ့ကျ Joox မှာ Audio အဖြစ်နားဆင်နိုင်တော့မည်။ 

ဖြစ်ပါကြောင်း နှင့် မောင်လေးကို အဖေနဲ့အမကိုချစ်တာထက် ပိုချစ်ပေးပေးကြပါလို့လဲတောင်းဆိုပါတယ်ရှင့် " ဆိုပြီးတော့ ဇူလိုင်(၁၃) ရက် ညနေ ၄ နာရီက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Eint Chit

" မမရောဂါ" သီချင်းထဲက " ဟေး မမ .. ဒီမှာလေ မမ , မမ ဖြစ်နေပြီ" ဆိုတဲ့သီချင်း စာသားလေးကလည်း ဒီနေ့ အချိန်ထိလူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတဲ့ သီချင်းစာသားလေးပါ။

ဒီသီချင်းကို ဂျူနီယာ ချစ်ကောင်း ပြန်ဆိုဖို့ အတွက် ဖခင်ဖြစ်သူဆီ ခွင့်တောင်းခဲ့တုန်းက အမှတ်တရလေးတွေကလည်း တကယ်ကို ကြည်နူးဖို့ကောင်းတဲ့ အမှတ်တရလေးတွေပါပဲလို့ အိမ့်ချစ်က ဆက်လက် ပြောပြလာပါတယ်။ 

" ဦးချစ်ကောင်းတစ်ခေတ်က စော်ကြည်စေခဲ့တဲ့သီချင်း ‘မမရောဂါ’ တဲ့လေ။ မောင်လေးကပြောတယ် အဖေတဲ့ ..ခုချိန်အဖေဒီသီချင်းကိုဆိုရင် အဖေတောင် အသက် ၆၀နားကပ်နေပြီ အဖေ့ မမတွေက (၇၀) တွေဖြစ်ကုန်ရောပေါ့။ အဲဒီတော့ သားကို ဒီသီချင်းလေး အမွေပေးလိုက်တော့တဲ့လေ ... အဖေက မျက်စောင်းထိုးပြီး မင်းကငါ့ကိုဖဲ့တယ်ကွာတဲ့(အသက်ကြီးပြီပြောရင်သူမကြိုက်ဘူးလေ) ပြီးမှ အေးပါ.... ဆိုပါကွ သားအရွယ်နဲ့ဆိုတာပဲကောင်းပါတယ်တဲ့။ မောင်လေးကပြောတယ် အဖေ့ကိုတော့မမှီနိုင်ပေမယ့် အဖေ့သားမို့အဖေ့သီချင်းလေးတော့လက်ဆင့်ကမ်း သယ်ချင်လို့ ဆိုခွင့်ပေးတာကျေးဇူးတင်ပါတယ်တဲ့။ အဲဒါနဲ့ တေးရေးဆရာကြီး ဦးဝင်းမင်းထွေးဆီ တလေးတစားနဲ့ ခွင့်တောင်းပြန်တော့လည်း ငါ့သားဆိုမှာပဲ ခွင့်ပြုပြီးသားပါတဲ့ကျေနပ်စရာကောင်းတဲ့ အခြေအနေတွေပါပဲ"လို့ သူကဆိုပါတယ်။ 

Photo: JOOX

ဂျူနီယာချစ်ကောင်းကိုတော့ ပရိသတ်တွေက အဆိုတော် ချစ်ကောင်းရဲ့ သား၊ အဆိုတော် အိမ့်ချစ်ရဲ့ မောင်လေး အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း အင်မတန်မှ ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Cover Song တွေ ဆိုရင်းနဲ့သာ ပရိသတ်အရှေ့ကို ရောက်ရှိနေတတ်တာပါ။ အစ်မဖြစ်သူ အိမ့်ချစ်နဲ့ ဖခင်ဖြစ်သူ ဦးချစ်ကောင်းတို့ရဲ့ "၅၂၈" ဆိုတဲ့ ဂီတ ဖျော်ဖြေပွဲမှာ ဂျူနီယာချစ်ကောင်းကို ပွဲထုတ်ခဲ့လို့ သူ့ကို အားပေးတဲ့ ပရိသတ်က အခိုင်အမာ ရရှိလာခဲ့တာဖြစ်ပါတယ်။ 

Photo: Firefly

အိမ့်ချစ်(Eint Chit) ကလည်း ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာတော့ သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲလေး လုပ်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က