ဖစ်ဖစ်နဲ့ ချစ်ချစ် ။

ပရိသတ်အချစ်တော်လေးတွေဖြစ်တဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ရဲ့ လိမ္မာရေးခြားရှိတဲ့ အကြောင်းတွေကို ဖေဖေ အာဇာနည်က အခုလို ပြောပြလာပါတယ်။ သားကြီး ဖစ်ဖစ်ကတော့ ၉ နှစ်ကျော်ပါပြီ။ သားငယ်လေးကတော့ ၁ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo: Phit Phit Chit Chit

အဆိုတော် အာဇာနည်နဲ့ ဝမ်း တို့မှာတော့ ချစ်စရာကောင်းတဲ့ သားကြီး ချစ်ချစ်တုန်နဲ့ သားငယ်လေး ဖစ်ဖစ်တုန်တို့ရှိပါတယ်။ သူတို့ သား နှစ်ဦးရဲ့ လိမ္မာရေးခြားရှိပုံ၊ စကားတတ်ပုံတွေကိုလည်း အာဇာနည်က အခုလို ပြောပြထားပါတယ်။

‘’ဖစ်ဖစ်ချစ်ချစ်..... ချစ် သားအကြီးလေးက ပိုပြီးလိမ္မာလာပြီး သားအငယ်လေးက ပါပါးမာမား ဆိုပြီး စကားတွေ အများကြီးပိုပြောလာတယ်။ ချစ်တယ်ကွာ’’ ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ်က ဖစ်ဖစ် ချစ်ချစ်တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် ရေးသားထားတာ တွေ့ရပါတယ်။

Photo: Phit Phit Chit Chit

သားကြီး ချစ်ချစ်တုန်ကတော့ အခုဆိုရင် အသက် ၉ နှစ် နီးပါးရှိပါပြီ။ သားငယ်လေး ဖစ်ဖစ်တုန်ကတော့ ၁ နှစ်ကျော်အရွယ်ရောက်လို့နေပါပြီ။ ချစ်စရာကောင်းလွန်းလှတဲ့ ကလေးတွေ ဖြစ်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားကြသူတွေပါ။ သူတို့ ညီအစ်ကို နှစ်ယောက်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ပေ့ချ်မှာတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်ပေါင်း ၁ သိန်းကျော်တောင် ရှိပါတယ်။

Photo: Phit Phit Chit Chit

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ မိသားစု လိုက်ဖြစ်စေ၊ ညီအစ်ကို နှစ်ယောက် အတူတူဖြစ်စေ တီဗီကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာ ကိုတွေ့ရပါတယ်။

Photo: Phit Phit Chit Chit

အဆိုတော် အာဇာနည်ဟာ ချစ်သူ ဝမ်းနဲ့ လက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ပြည့်ပြီးလို့၁၆ နှစ်ထဲကို ရောက်ရှိနေပါပြီ။ အာဇာနည်ဟာ ဂီတနဲ့ ပတ်သက်တဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေတာဖြစ်သလို သရုပ်ဆောင်ဝမ်းကလည်း မိသားစုကို အချိန်ပေးရင်း ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ 



က္က