သားက ဆေးရုံမှာပဲ ရှိသေးတယ်တဲ့။

Photo : ခင်ဇာခြည်ကျော် FB



 

သရုပ်ဆောင် ခင်ဇာခြည်ကျော်ဟာ လက်ရှိမှာ "ချစ်ခြင်းတရားတို့ရှိရာ " ဆိုတဲ့ MRTV-4 ဇာတ်ကားတွဲကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီနေ့(ဇွန်လ၂၇ရက်)မှာလည်း အဲ့ဒီဇာတ်လမ်းတွဲကို ရိုက်ကူးနေရပေမယ့်လည်း သူမရဲ့ စိတ်တွေဟာ ဆေးရုံတင်ထားရတဲ့ သားဆီကို ရောက်နေတယ်လို့ ခင်ဇာခြည်ကျော်က ဆိုပါတယ်။

" ချစ်ခြင်းတရားတို့ရှိ ရာ" Mrtv4 ဇတ် လမ်းတွဲ ရိုက် နေ ပေ မယ့် စိတ် တွေ က အချိန် တိုင်း သား ကြီး ဘုန်းမင်းတက် နေ တဲ့ ဆေးရုံ မှာပါ...!!" ဆိုပြီး ဇွန်လ(၂၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။သားဆီကို စိတ်ရောက်နေပေမယ့်လည်း သူမရဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးုစားနေပုံလေးတွေက သူမတင်ထားတဲ့  ပုံလေးတွေမှာ တွေ့ရမှာပါ။

သားကို ဆေးရုံတင်လိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ခင်ဇာခြည်ကျော် 

သားဖြစ်သူ ဘုန်းမင်းနေလဟာ လက်ရှိမှာ ရွှေဂုံတိုင်မှာရှိတဲ့ SSC ဆေးရုံမှာ တင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ သားဖြစ်သူအတွက် သူမစိတ်ပူနေသလိုပဲ ပရိသတ်တွေ သူငယ်ချင်း အပေါင်းအသင်းတွေလည်း စိတ်မကောင်းဖြစ်လို့ နေကြပါတယ်။

သားဖြစ်သူမှာ ဝမ်းလျှောပြီး သွေးပါ ပါနေတဲ့အတွက် အခုလိုမျိုး ရုတ်တရက် ဆေးရုံတင်လိုက်ရတာ ဖြစ်တယ်လို့ ဇွန်လ(၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။သမီးဖြစ်သူရဲ့ မွေးနေ့မှာ သားကို ဆေးရုံတင်လိုက်ရတဲ့အတွက်လည်း ခင်ဇာခြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ခင်ဇာခြည်ကျော် FB

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။

Photo : ခင်ဇာခြည်ကျော် FB

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။ ခင်ဇာခြည်ကျော်တို့ရဲ့ မိသားစုပုံစံလေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က