သူကိုယ်တိုင်လည်း မပြည့်စုံတဲ့ မိသားစုဘဝကို ဖြတ်သန်းလာခဲ့သူပါ။

ပိုင်တံခွန်ဟာ ကိုယ်ပိုင်လုပ်အားခနဲ့ မိဘကို ရှာကျွေးနေရတဲ့ လူငယ်ပရိသတ်တွေအနေနဲ့ သိမ်ငယ်စိတ် မဖြစ်ရလေအောင် အခုလို အားပေးစကားပြောလာပါတယ်။  

Photo: Paing Takon



ပိုင်တံခွန်ကတော့ သူချစ်ရတဲ့ လူငယ်ပရိသတ်တွေအတွက် တန်ဖိုးရှိလှတဲ့ အတွေးအခေါ်လေးတွေကို အခုလို မျှဝေလာပါတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ချမ်းသာတဲ့သူတွေကို အတုယူစေချင်တယ်လို့ သူကဆိုပါတယ်။ 

" အရည်အချင်းနဲ့ချမ်းသာတဲ့လူတွေကိုအတုယူပါ။ ချမ်းသာမှုကိုလိုက်စားတဲ့လူတွေကိုအားမကျပါနဲ့ ။ ကိုယ်က မပြည့်စုံတဲ့ အသိုင်းဝိုင်းက ဆင်းသက်လာပြီး ကိုယ့်လုပ်အားခလေးနဲ့ မိဘကို ရှာကျွေးနေတဲ့ ညီ၊ ညီမလေး တွေအတွက်‌ပါ။ လူငယ်တော်တော်များများက အရွယ်ရောက်လာတဲ့အခါ ဝတ်ချင်၊ စားချင်၊ သွားချင်၊ လာချင်ကြတယ် ။ ကိုယ့်ဘဝက မပြည့်စုံဘူး ဆင်းရဲတယ်။ အလုပ်လုပ်ပေမယ့်လည်း ရတဲ့ငွေလေးနဲ့ မိဘ ဆွေမျိုးတွေကို ပြန်ထောက်ပံ့ရတဲ့အခါ ကိုယ့် အတွက် သုံးဖို့တောင် အနိုင်နိုင် ဖြစ်လာကြတယ်။ အဲဒါ နဲ့ပဲ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ ကိုယ့် ဘဝကို ကိုယ်တိုင်စိတ်ကုန်မိပြီး ကိုယ်နဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေကို သိပ်အားကျရတဲ့ အချိန်တွေရှိလာတတ်တယ်။ သိမ်ငယ်စိတ်တွေလည်း ဝင်လာတတ်တယ် ၊တချို့ ဆို မိသားစု အပေါ်တောင် အပြစ်မြင်လာတတ်ကြတယ်။ငါက ဘာလို့ ချမ်းသာတဲ့ မိသားစုမှာ မမွေးဖွားခဲ့တာလည်းဆိုတဲ့ အတွေးက အစပေါ့..." ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Paing Takon

ကိုယ်ပိုင်လုပ်အားခနဲ့ မိဘကို လုပ်ကျွေးပြုစုရတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပိုင်တံခွန်က ဆိုပါတယ်။ ကိုယ့်ဘဝကိုယ် သိမ်ငယ်စရာမလိုတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

"ကိုယ်နဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေ၊ မိဘဝယ်ပေးတဲ့ အကောင်းဆုံး အရာတွေကြား ကြွားလုံးထုတ် ပျော်ပါးနေချိန်မှာ ကိုယ်က ကိုယ်ရတဲ့ ငွေလေးနဲ့ မိဘကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတယ် ဆိုတာ ပို ဝင့်ကြွားဖို့ကောင်းတဲ့အရာပါ ။တန်ဖိုးကြီးတယ်ဆိုတဲ့ အရာတွေထက် ပို တန်ဖိုးကြီးမားတဲ့အရာပေါ့။ တကယ်လို့ ငါ့ မိဘက ပြီးပြည့်စုံအောင် ချမ်းသာနေရင် ငါ ရော ဘာလုပ်ဖြစ်နေမလဲ ဆိုပြီး ကိုယ်တိုင်လဲ မေးကြည့်ပါ။ တခါတလေ အရာရာပြည့်စုံနေတော့ မိဘရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့မေ့နေတတ်တယ်။ ချမ်းသာပြီးတော်တဲ့ မိဘ‌ကျေးဇူး သိတတ်တဲ့ကလေးတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ ဘဝကို မသိမ်ငယ်စေဖို့နဲ့ ကိုယ့်ဆီမှာ  မိဘအပေါ်ကျွေးမွေးပြုစုခွင့်ရတဲ့ သိပ်ကို ကောင်းတဲ့ ကံကို ပိုင်ဆိုင်ထားတယ်ဆိုတာ မှတ်ထားပေးပါလို့ ဒီစာလေးကို အဆုံးသတ်ရင်း .........ပိုင်တံခွန်" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ဟာ ငယ်စဉ်က ခမောက်ကြီး တောရွာလေးမှာ ကြီးပြင်းခဲ့ရသူ တစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့ ငယ်ဘဝ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ပြောပြခဲ့ဖူးပါတယ်။ သူကိုယ်တိုင်ကလည်း ပြည့်စုံတဲ့ မိသားစုဘဝမှာ ကြီးပြင်းခဲ့ရသူ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် တောသားလို့ အခေါ်ခံရတိုင်း ငယ်ဘဝလေးကို အမြဲ သတိရနေတတ်တယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေသာမက ထိုင်းနိုင်ငံ က ပရိသတ်တွေကလည်း သည်းသည်းလှုပ်အားပေးခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံမှာလည်း သူ့ကို ချစ်တဲ့ ပရိသတ်အများကြီး ရှိလာပြီလို့လည်း သိရပါတယ်။ ပိုင်တံခွန်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး၊ ထိုင်းလူမျိုး ပရိသတ်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က