''နာမည်ကျန်ရစ်နေမယ်''ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

အခြေခံလူတန်းစားတစ်ခုရဲ့ နေထိုင်မှုဘဝ အခက်အခဲတွေအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ''နာမည်ကျန်ရစ်နေမယ်''ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဆင်ဆာဖြတ်ခံရတယ်လို့ သိရပါတယ်။ ဒီအတွက် ဇေရဲထက်က စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Zay Ye Htet



ဇေရဲထက်က သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’နာမည်ကျန်ရစ်နေမယ်’’ ရုပ်ရှင်ကားကြီးဟာ ဆင်ဆာပိတ်ခံရတာကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဇေရဲထက်ရဲ့ ကြိုးစားမှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။

‘’အကောင်းဆုံးကြိုးစားထားသောကား ဆင်ဆာတွေဖြတ်တယ်ဆိုတော့ အမောစို့ ဇာတ်ကားတစ်ကားက ဖျော်ဖြေရေးပညာရေး အမှန်အကန်ရိုက် တော့လည်း ဆင်ဆာကပိတ်’’ ဆိုပြီးတော့ ဧပြီလ ၈ ရက်နေ့ ၁ နာရီ ၂၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ‘’နာမည်ကျန်ရစ်နေမယ်’’ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်က အမှတ်တရ ဓာတ်ပုံတွေကိုလည်း ပြန်လည် Share ထားတာ တွေ့ရပါတယ်။

Photo: Zay Ye Htet

‘’နာမည် ကျန်ရစ်နေမယ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းအိန္ဒြာဗိုလ် နဲ့ အိချောပိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အခြေခံလူတန်းစားတွေရဲ့ ဘဝအခက်အခဲတွေ၊ နေထိုင်မှုပုံစံတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က